The network connection is lost.

Banner Image

ဝုဗ်အား ရှုံးနိမ့်ပြီးနောက် အသင်းမှာ အသုံးမဝင်တဲ့ ကစားသမားတွေကို ရောင်းချဖို့ အာမိုရင်ကို တိုက်တွန်းလိုက်တဲ့ အလန်ရှီးယား

ပရီးမီးယားလိဂ်ဂန္တဝင် ရှီးယားက ဘောက်ဆင်ဒေးတွင် ဝုဗ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အဆင့် ၁၄ သို့ရောက်သွားတဲ့ ယူနိုက်တက်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က အနီကဒ်ပြသခြင်းခံခဲ့ရသလို မိုလိုင်းယူးတွင် ဟွမ်ဟီချန်နှင့် ကွန်ဟာတို့ရဲ့ ဂိုးများကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။

တိုက်စစ်မှူးဟောင်းနှင့် ဘောလုံးဝေဖန်သူ ရှီးယားအား Match of the Day တွင် မန်နေဂျာသစ် အာမိုရင်လက်ထက် ယူနိုက်တက်ရဲ့ ခက်ခဲတဲ့ စတင်မှုနှင့်ပတ်သက်ပြီး မေးမြန်းရာ "ရလဒ်တွေ၊ ကွင်းပြင်ပပြဿနာများနှင့် ရက်ရှ်ဖို့ဒ်ရဲ့ ကိစ္စတို့ရှိနေပါတယ်" "ရူဘင်အာမိုရင် ကိုယ်တိုင်က အသင်းက ခဏတာ ဒုက္ခရောက်ရတော့မယ်လို့ ပြောထားတာပါ"

"ဘာလို့လဲဆိုတော့ ဒီဘောလုံးကလပ်မှာရှိတဲ့ ကစားသမားတွေ တော်တော်များများက လုံလောက်တဲ့ ကောင်းမွန်မှုမရှိလို့ဖြစ်ပါတယ်" "သူဟာ လက်ရှိကစားသမားတွေကို ရောင်းထုတ်နိုင်ပြီး သူ့စနစ်နဲ့ ကိုက်ညီတယ်လို့ ခံစားရတဲ့ ကစားသမားတွေကို ခေါ်ယူခွင့်ရဖို့ လိုပါတယ်။ ဒါပေမယ့် သူတို့က တော်တော်လေးဝေးကွာနေပါသေးတယ်" လို့ ပြောပါတယ်။

တစ်ချိန်တည်းတွင်ပင် Match of the Day ရဲ့နောက်ထပ် ဝေဖန်သူ ဂျိုးဟတ်က ဝုဗ်ရဲ့ အဖွင့်ဂိုးအတွက် ယူနိုက်တက်ဟာ ထောင့်ကန်ဘောမှ နောက်တစ်ကြိမ် ပေးလိုက်ရတာကြောင့် အာမိုရင်ကို ဝေဖန်ခဲ့ပါတယ်။ မန်စီးတီး ဂိုးသမားဟောင်းက ယူနိုက်တက် ဂိုးသမား အိုနာနာဟာ ခံစစ်ပိုင်းတွင် set-piece တွေကို ကောင်းကောင်း မကာကွယ်နိုင်တာကို မယုံကြည်နိုင်ဖြစ်နေပါတယ်။

အိုနာနာနှင့် အာမိုရင်ရဲ့ နည်းဗျူဟာဆိုင်ရာအကြောင်းပြောရာတွင် ဂျိုးဟက်က "အိုနာနာရဲ့ စွမ်းဆောင်ရည်အားလုံးအတွက် ၆ ကိုက်စည်းအတွင်း စိုးမိုးထားခြင်းက မစွမ်းနိုင်ခဲ့ပါဘူး" "ဒါကြောင့် ဝုဗ်ကစားသမားလေးယောက်နဲ့ တန်းစီပြီးရှိနေပြီး သူ့ဘေးပတ်လည်မှာ ကာကွယ်မယ့်သူမရှိနေတာကြောင့် ဘောလုံးဝင်လာတဲ့အခါ အာရုံစိုက်ဖို့ အများကြီးလိုတယ်"

"သူက ဒိုဟာသီရဲ့ တွေ့မှာပါ။ သူက ဒိုဟာတီနှင့် ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့ခဲ့ရတာပါ။ ဒီလိုလုပ်လိုက်တာနဲ့ ဘောလုံးက သူ့ခေါင်းပေါ်ရောက်နေမှန်း သိလိုက်ရတယ်။ အဲဒါက ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး" လို့ ပြောပါတယ်။

အိုနာနာ အနီးတစ်ဝိုက်မှာထားဖို့ အာမိုရင်အနေနဲ့ နောက်ခံလူတစ်ဦး လိုအပ်သလားလို့ မေးမြန်းရာတွင် ဂျိုးဟက်က "လိုပါတယ်။ အဲ့လိုဆိုရင် အိုနာနာကို သူ့ဘေးနာက ပြိုင်ဘက်တွေထက် ဘောလုံးကို ပိုပြီးအာရုံစိုက်နိုင်စေတယ်" လို့ ဖြေပါတယ်။