The network connection is lost.

Banner Image

နာပိုလီစတားအခြေအနေကို စောင့်ကြည့်နေတဲ့ အယ်လ်-ဟီလယ်

နာပိုလီအသင်းနဲ့အတူ ပွဲဦးထွက်ရာသီမှာစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ တိုမီနေးကို ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက နာပိုလီရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ တိုမီနေးကို အယ်လ်-ဟီလယ်က မျက်စိကျလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နာပိုလီဘက်က အယ်လ်-ဟီလယ်အသင်းထံ ဘယ်ဈေးပေးပေးရောင်းချမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ ချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ နာပိုလီဘက်က သူတို့စတားကို ရောင်းချလိုခြင်းမရှိတာဖြစ်ပါတယ်။ တိုမီနေးဟာ အယ်လ်-ဟီလယ်နည်းပြသစ် အင်ဇာဂီရဲ့ထိပ်တန်းပစ်မှတ်ဖြစ်သလို အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

အင်ဇာဂီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာကိုကိုင်တွယ်ခဲ့တာဖြစ်ပြီး တိုမီနေးရဲ့စွမ်းဆောင်ရည်ကို သဘောကျနေခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အင်ဇာဂီက ကွင်းလယ်မှာ နီဗက်စ် ၊ ဆာဗစ်တို့နဲ့ တိုမီနေးကို တွဲဖက်ပေးချင်နေပါတယ်။ နာပိုလီဟာ ချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ လူအင်အားကိုဆက်လက်ဖြည့်တင်းဖို့ ပြင်ဆင်နေပြီး စီးတီးစတား ဂရီးလစ်ချ်ကို ပစ်မှတ်ထားနေပါတယ်။

လက်ရှိမှာလည်း နာပိုလီအနေနဲ့ ဒီဘရိုင်းကို အလွတ်နဲ့ခေါ်ယူထားနိုင်ခဲ့ပြီး နောက်ထပ်အသင်းဖော်ဟောင်းတစ်ဦးကို ထပ်မံခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အခုနွေရာသီမှာ တိုမီနေးအနေနဲ့ အသင်းကနေထွက်ခွာဖွယ်မရှိပဲ စီးရီးအေမှာပဲ ဆက်နေဖို့များနေသလို နာပိုလီအသင်းနဲ့အတူ သမိုင်းမှတ်တိုင် ဆက်လက်စိုက်ထူချင်နေပါတယ်။