
The network connection is lost.

နယ်သာလန်လိဂ်ဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေဂျက်နဲ့ ဖီယင်နုပွဲစဉ်ကို ပရိသတ်တွေ ကွင်းထဲကိုမီးပန်းတွေပစ်ခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ပွဲကတော့ စောစောစီးစီးဖျက်သိမ်းခဲ့ရပြီး လူမှုမီဒီယာမှာ ထွက်ပေါ်လာတဲ့ဗီဒီယိုအရ အေဂျက်ပရိသတ်တွေဟာ ကွင်းထဲကို မီးပန်းတွေ ပစ်ခဲ့တာကို မြင်ခဲ့ရတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူတို့ဟာ ကွင်းထဲကို မျက်ရည်ယိုစေခဲ့တဲ့ဂတ်စ်တွေပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “များပြားလှတဲ့ခြိမ်းခြောက်မှုတွေကြောင့် လိုချင်တဲ့ ရလဒ်မျိုးမဖြစ်ချင်သလို အဲ့တာက ကွင်းတွင်း ကွင်းပြင်ပကို မတည်မငြိမ်ဖြစ်စေပါတယ်။ စိတ်ပျက်စရာစွမ်းဆောင်ရည်ပါ”လို့ မစ်လင်တက်ခ်က ပြောကြားခဲ့ပါတယ်။
ပွဲကိုအပြီးသတ်မရပ်နားခင် ပရိသတ်တွေကွင်းထဲကို မီးပန်းတွေနဲ့ ပလက်စတစ်ခွက်တွေ ပစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် ဆာဒါတစ်ယောက် ပွဲကို ၂ ကြိမ်တိုင်ရပ်နားခဲ့ရပါတယ်။ အဲ့နောက် ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး အေဂျက်နည်းပြ စတီဂျင်အတွက် ဖိအားတွေများလာခဲ့ကာ တနင်္ဂနွေနေ့ ပွဲမတိုင်ခင် အေဂျက်အသင်းဟာ ၁ ပွဲနိုင် ၂ ပွဲသရေ ၊ ၁ ပွဲ အရေးနိမ့်ထားပါတယ်။
နယ်သာလန်အတွင်းဝန် ဒီလန်ကတော့ တွစ်တာကနေ “ဘောလုံးမှာ ဒီလိုမျိုးဖြစ်နေလို့မရပါဘူး။ ပရိသတ်တစ်ဦးအနေနဲ့ ကစားသမားတွေ အန္တရာယ်ကင်းအောင်လုပ်ဆောင်ပေးရမှာပါ။ တကယ့်ကိုရှက်စရာပါ”လို့ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။
အဆိုပါအခြေအနေကြောင့် လက်ကျန်ပွဲစဉ်တွေကို ဆက်ကစားမလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။