The network connection is lost.

Banner Image

အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ သတင်းများကို ငြင်းဆိုလိုက်တဲ့ အေဂျက်စ်အသင်း ဒါရိုက်တာ ကရိုးစ်

အေဂျက်စ်အသင်း ဒါရိုက်တာ အဲလက်စ် ကရိုးစ်က ခရစ္စတီယန် အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူမယ့် သတင်းတွေကို ပယ်ချလိုက်ပါတယ်။ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ ဆွီဒင်က မယ်လ်မိုအသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

အဲရစ်ဆင်ဟာ အသင်းဟောင်း အေဂျက်စ်ဆီ ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ဒါရိုက်တာ ကရိုးစ်က ‘အဲရစ်ဆင်ကို ခေါ်ယူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ နောက်ထပ်ခြေလှမ်းလှမ်းဖို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့အားလုံး အေးအေးဆေးဆေးနဲ့ အလုပ်တွေကြိုးစားလုပ်ဆောင်ပြီး မျှော်လင့်ချက်အပြည့်နဲ့အတူ တစ်စစီ ဖြစ်နေတဲ့အပိုင်းတွေကို ပြန်လည် ပေါင်းစည်းရပါမယ်’လို့ AD သို့ ပြောကြားခဲ့ပါတယ်။

ဆန်းဒါးလန်းသို့ ဂျော်ဒန် ဟန်ဒါဆန် ပြောင်းရွှေ့သွားပြီးနောက် အေဂျက်စ်အသင်းက သူ့နေရာကို အစားထိုးနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။ ‘ဝေဖန်မှုတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စီးပွားရေးပိုင်းနဲ့ အားကစားဘက်က အကျိုးစီးပွားတွေကြားမှာ ဟန်ချက်ညီအောင် လုပ်ဆောင်ရတာကြောင့် ကျွန်တော်တို့ လိုချင်တဲ့ကစားသမားအားလုံးကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး’လို့ ကရိုးစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။