The network connection is lost.

Banner Image

ကွင်းလယ်ဒိုင်ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် ဂါလာတာစာရေးနဲ့ ဒီမီယာစပေါ်ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရ

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ ဒီမီယာစပေါ်တို့ရဲ့ တူရီကီစူပါလိဂ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်နဲ့အတူ ဂါလာတာစာရေးအတွက် မိုရာတာက ပင်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းခဲ့ပြီးနောက် ပြိုင်ဘက် ဒီမီယာစပေါ်ကစားသမားတွေဟာ ကွင်းထဲကနေ ထွက်ခွာလာခဲ့ကြတာကြောင့် ပွဲကိုဖျက်သိမ့်းခဲ့ရပါတယ်။ 

ဒီမီယာစပေါ်ကစားသမားတွေဟာ ပွဲရလဒ် ၁-၀၊ ပွဲကစားချိန် ၃၄ မိနစ်မှာပဲ ကွင်းထဲကနေ ထွက်ခွာလာခဲ့ကာ အဝတ်လဲခန်းထဲသို့ဝင်သွားခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ဂါလာတာစာရေးကစားသမားတွေအနေနဲ့လည်း ဒိုင်လူကြီးအဖွဲ့အတူ ကွင်းထဲကနေ ထွက်ခွာလာခဲ့ကြပါတယ်။ မိနစ် ၂၀ ခန့်အကြာမှာတော့ တာဝန်ရှိသူတွေက ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ဆက်လက်ကစားမှာမဟုတ်တော့ကြောင်း ကြေညာခဲ့ကြပါတယ်။ ပွဲရဲ့အစီအစဉ်တင်ဆက်သူက "ဒီမီယာစပေါ်ကစားသမားတွေ ကွင်းထဲကနေထွက်ခွာသွားခဲ့တာကြောင့် ပွဲကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒိုင်အဖွဲ့က အတည်ပြုခဲ့ပါတယ်" လို့ကြေညာခဲ့တာဖြစ်ပါတယ်။ 

ကစားသမားတွေ ကွင်းထဲကနေ ထွက်ခွာလာခဲ့ခြင်းနဲ့ပတ်သက်ပြီး ဒီမီယာစပေါ်ဥက္ကဌဟောင်း မီတင်ကော့ခ်မက်ဇ်က "ဒါကဒိုင်လူကြီးကော်မတီကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ခဲ့တာပါ။ ဂါလာတာစာရေးကို ဆန့်ကျင်တာမဟုတ်ပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး ကော့ခ်မက်ဇ်က နောက်ပိုင်းမှာ အသင်းရဲ့ဖြေရှင်းချက်ကို လက်ရှိကလပ်ဥက္ကဌ မူရတ်ဆန်ကက်ခ်က ထပ်မံထုတ်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီမီယာစပေါ်ဟာ လက်ရှိတူရကီစူပါလိဂ်အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာမှာရပ်တည်နေပြီး ၂၁ ပွဲကစားပြီးချိန်မှာ ရမှတ် ၅ မှတ်သာ စုဆောင်းထားနိုင်သေးတာဖြစ်ပါတယ်။ မကြာသေးမီလတစ်ချို့မှာ တူရကီစူပါလိဂ်ဟာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖီနာဘာချီနည်းပြ ဟိုဆေးမော်ရင်ဟိုကလည်း အဆိုပါအငြင်းပွားဖွယ်ကိစ္စတွေမှာပါဝင်ထားပြီး ပေါ်တူဂီသားနည်းပြဟာ ဒိုင်လူကြီးတွေရဲ့ အရည်အသွေးကို မေးခွန်းထုတ်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ မော်ရင်ဟိုက "ဒိုင်လူကြီးတွေက ကျွန်တော်တို့ကို ဆုံးဖြတ်ချက်တွေပေးဖို့ ကြောက်ရွံ့နေကြပါတယ်။ ကျွန်တော့်အတွက် သိက္ခာကျစရာဖြစ်ရပ်တစ်ခုကတော့ ပင်နယ်တီကို ကျွန်တော်တို့တောင်းလို့ပေးခဲ့တယ်လို့ သတင်းထွက်နေတာပါပဲ။ ကျွန်တော်အရင်ကပြောဖူးပါတယ်။ တူရီကလိဂ်ကို ဘယ်သူမှမကြည့်ပါဘူး။ လန်ဒန်တစ်မြို့လုံးမှာဆို ဒီလိဂ်ရဲ့ပွဲတွေကိုကြည့်တာ ကျွန်တော့်သားတစ်ယောက်ပဲရှိပါလိမ့်မယ်" "ကျွန်တော့်အနေနဲ့ တူရကီစူပါလိဂ်ကို ၁ ကနေ ၁၀ အတွင်း အဆင့်သတ်မှတ်ချက်ပေးရမယ်ဆိုရင် သုည ပါပဲ" လို့ပြောကြားခဲ့ပါတယ်။