The network connection is lost.

Banner Image

ကစားသမားသစ်နှစ်ဦးခေါ်ယူသွားဖို့အတွက် ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ ပိုချက်တီနိုအကြား သဘောတူညီချက်ရရှိ

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းလူစာရင်းဆီ ကစားသမားသစ်တွေ ဖြည့်တင်းဖို့ လိုအပ်တယ်ဆိုတဲ့ အချက်အပေါ် ပိုချက်တီနိုနဲ့ မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့တို့အကြား သဘောတူညီခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဆာဂျင်ရက်တ်ကလစ်ဖ်နဲ့ အဖွဲ့က ဇန်နဝါရီလအတွင်း ငွေကြေးသုံးစွဲရမှုကို သဘောမကျကြပေမဲ့ တန်းဆင်းဇုန်အတွင်း ရောက်ရှိနေတဲ့ ကလပ်အသင်းရဲ့အခြေအနေကြောင့် ဒီမူဝါဒကို ပြောင်းလဲသွားဖို့ ရှိနေပါတယ်။

The Times သတင်းစာရဲ့ဖော်ပြချက်အရ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်နှစ်ဦးခေါ်ယူဖို့ နည်းပြသစ်ပိုချက်တီနိုနဲ့ ကလပ်ဘုတ်အဖွဲ့တို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းမှာပဲ တိုက်စစ်မှူးနဲ့ ဘယ်နောက်ခံလူဆိုတဲ့ နေရာနှစ်ခုကို အားဖြည့်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဆောက်သမ်တန်နည်းပြဟောင်းဖြစ်တဲ့ ပိုချက်တီနိုက လုခ်ရှောကို သဘောကျသူတစ်ဦး ဖြစ်တယ်လို့ သိရှိရပေမဲ့ လတ်တလော ကစားသမားရဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာကိစ္စတွေမှာတော့ စိုးရိမ်မှုတွေ ဆက်လက်ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း ယူနိုက်တက်က နယူးကာဆယ်ကြယ်ပွင့်လီဝစ်ဟောကို ခေါ်ယူဖို့ သတင်းထွက်ခဲ့ဖူးပေမဲ့ အဲ့ဒီအချိန်တုန်းကတည်းက နယူးကာဆယ်က ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိခဲ့သလို ဇန်နဝါရီမှာလည်း သူတို့ရဲ့ရပ်တည်ချက် အပြောင်းအလဲ မရှိနိုင်ပါဘူး။

ယူနိုက်တက်အတွက် ဟန်စီဖလစ်ခ်လက်အောက် နေရာပျောက်နေတဲ့ ဘာစီလိုနာရဲ့ ဘယ်လ်ဒီကို အလားအလာအရှိဆုံး ရွေးချယ်စရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

ဒါပေမဲ့ ရာသီကြိုကာလမှာတင် ဒဏ်ရာရရှိသွားတဲ့ ဗဟိုတိုက်စစ်မှူးဆက်စ်ကိုကြောင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့သာ အဓိကဦးစားပေး ဖြစ်နေပြန်ပါတယ်။