ချန်ပီယံလိဂ်နောက်ဆုံးသုံးပွဲဆက် အနိုင်ရရှိတဲ့ ဂါလာတာစာရေး
ဂါလာတာစာရေး ၁-၀ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
အခုတူရကီမြေပွဲစဉ်မှာ အိမ်ရှင်ဂါလာတာစာရေးရော၊ ဧည့်သည်အက်စတွန်ဗီလာပါ ခံစစ်ပိုင်းကျစ်လစ်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားခဲ့ကြလို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ အမှတ်လိုအပ်ချက်ရှိနေတဲ့ ဂါလာတာစာရေးအတွက် လူစားဝင်တိုက်စစ်မှူးဒင်းနစ်ဂူလ်ရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးက အဖိုးတန်အနိုင်ရလဒ်ကို ပိုင်ဆိုင်စေခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဂါလာတာစာရေးက ချန်ပီယံလိဂ်နောက်ဆုံးသုံးပွဲဆက်အနိုင်ရလဒ်နဲ့အတူ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းလာပြီး တဖက်မှာလည်း အူနိုင်းအမ်မရီရဲ့အသင်းက ချန်ပီယံလိဂ်နောက်ဆုံးနှစ်ပွဲဆက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။