The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်နည်းပြတာဝန်ကို စွန့်လွှတ်ရဖို့ အလွန်နီးစပ်လာနေတဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာယူနိုက်တက်နည်းပြရာထူးမှ မိုက်ကယ်ကာရစ် ထုတ်ပယ်ခံရဖို့ အတော်လေး နီးစပ်လာနေပြီလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ်ကာရစ်က ယာယီနည်းပြအဖြစ် အထင်ကြီးဖွယ် စွမ်းဆောင်နိုင်ခဲ့ပြီး သရဲနီတွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာမှာ ရာသီသိမ်းနိုင်အောင် ဦးဆောင်းပေးခဲ့လို့ မန်ချက်စတာယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

အခုတော့ ယူနိုက်တက်က ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲမှာ ၈ မှတ်သာ စုဆောင်းထားနိုင်ပြီး တန်းဆင်းဇုန်အတွင်း ကျရောက်နေလို့ ကလပ်အသင်းအတွက် နှစ်ပေါင်း ၄၀ ကြာကာလအတွင်း အဆိုးရွားဆုံးဘောလုံးရာသီစတင်မှုနဲ့ ကြုံတွေ့နေရပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လာမယ့်နိုဝင်ဘာ ၂၂ ရက်၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ခရီးစဉ်မတိုင်ခင် ကာရစ်ကို ရာထူးမှထုတ်ပယ်ဖို့ ယူနိုက်တက်အကြီးအကဲတွေ စီစဉ်ထားတယ်လို့ သိရပါတယ်။

သူ့ရဲ့နေရာမှာ အစားထိုးမယ့် နည်းပြသစ်ရှာဖွေရေး လုပ်ငန်းတွေကိုလည်း စတင်ဆောင်ရွက်နေပြီး အမေရိကန်အသင်းနည်းပြပိုချက်တီနိုကို ကလပ်အသင်းဘက်က အလွန်သဘောကျနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အက်ဒီဟိုဝီနဲ့ နာဂယ်လ်စ်မန်းတို့လည်း ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာနိုင်သူစာရင်းမှာ ထိပ်ဆုံးမှ ပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။

ကာရစ်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ပူးတွဲပိုင်ရှင်ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ ကလပ်အသင်းရဲ့အဓိကရှယ်ယာရှင်ဂလေဇာမိသားစုတို့ ပူးပေါင်းချမှတ်သွားပါလိမ့်မယ်။