The network connection is lost.

Banner Image

ဖီနာဘာချီရဲ့အိမ်ကွင်းပရိသတ်တွေ အသံတိတ်သွားအောင် ယှဉ်ပြိုင်ကစားသွားကြဖို့ လီဗာပူးအသင်းဆီ အီရာအိုလာ တိုက်တွန်း

အန်ဒိုနီအီရာအိုလာက ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်အသင်းပရိသတ်တွေ ဖန်တီးလာမယ့် အခက်အခဲတွေကို ထိန်းချုပ်ရင်း အနိုင်ကစားသွားကြဖို့ လီဗာပူးအသင်းဆီ တိုက်တွန်းလိုက်ပါတယ်။

အစ္စတန်ဘူလ်မြို့ရှိ ဆူခရူဆာရာကိုဂလူကွင်းမှာ နားကွဲမတတ်ဆူညံသံတွေနဲ့ ပြည့်နှက်နေမယ့် အခြေအနေကို အီရာအိုလာ မျှော်လင့်ထားပေမဲ့ ဒီလိုဖော်ရွေမှုမရှိတဲ့ ပတ်ဝန်းကျင်ကို သူ့ရဲ့အသင်း ကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ အပြည့်အ၀ယုံကြည်နေပါတယ်။

ပွဲရဲ့အရှိန်အဟုန်ကို အေးဆေးငြိမ်သက်သွားအောင် ထိန်းချုပ်ကစားခြင်းဖြင့် ဖီနာဘာချီ ကစားသမားတွေနဲ့ သူတို့ရဲ့စိတ်အားထက်သန်တဲ့ပရိသတ်တွေအကြား ချိတ်ဆက်မှုကို လီဗာပူးအသင်း ဖြတ်တောက်ရမယ်လို့ စပိန်လူမျိုးနည်းပြက ယုံကြည်နေပါတယ်။

အီရာအိုလာက "မနက်ဖြန်ပွဲစဉ်က မလွယ်ကူနိုင်ပါဘူး။ တူရကီကို လာကစားရတယ်ဆိုတာ အမြဲတမ်းခက်ခဲနိုင်လို့ ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေရပါမယ်"

"သူတို့ဆီမှာ ဒီပြိုင်ပွဲကို ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိတဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ရှိပါတယ်။ ပရိသတ်တွေဆီမှ သူတို့ရရှိလာနိုင်တဲ့ ယုံကြည်မှုနဲ့ အရှိန်အဟုန်တွေကို ချေဖျက်ပစ်နိုင်ဖို့ ကြိုးစားသွားရပါမယ်"

"ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွေက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိထားပြီး အထူးသဖြင့် ဒီကွင်းနဲ့ ဒီလိုအားပေးပုံမျိုးဆို ပိုတောင်ဆိုးပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော်တို့ အပြည့်အ၀ အဆင်သင့်ဖြစ်နေရပါမယ်"

"ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားချင်ပါတယ်။ ဒါက ၁၂ မှတ်အပြည့်ရယူနိုင်ဖို့နဲ့ ထိပ်ဆုံးရှစ်သင်းစာရင်း ဝင်ရောက်နိုင်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ" လို့ ဆိုပါတယ်။