The network connection is lost.

Banner Image

ယူနိုက်တက်မှာ မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးဖို့ ဆာဂျင်မ်ရက်ကလစ်ဖ် အလိုရှိဆုံးပစ်မှတ် ပေါ်ထွက်လာ

မန်ချက်စတာယူနိုက်တက်မှာ ဖိအားတွေရင်ဆိုင်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးတာဝန်ယူစေဖို့အတွက် ဆာဂျင်မ်ရက်ကလစ်ဖ် အလိုအရှိဆုံးနည်းပြလောင်း ပေါ်ထွက်လာခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကလပ်အသင်းဟောင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ မန်ချက်စတာယူနိုက်တက်က အမှတ်ပေးဇယားအဆင့်-၁၆ နေရာအထိ ကျဆင်းသွားခဲ့လို့ အသက် ၄၅ နှစ်အရွယ်ကာရစ်အတွက် ကြီးမားတဲ့ဖိအားတွေ ပေါ်ပေါက်လာပါတယ်။

ဘုန်းမောက်ကို ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ကလပ်အသင်းမှာ ကာရစ်ရဲ့အနာဂတ် အတော်လေး မရေမရာ ဖြစ်လာခဲ့ပါတယ်။

ကာရစ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာမယ့်သူ ဘယ်သူလဲဆိုတဲ့ သတင်းတွေ စတင်ထွက်ပေါ်လာနေပြီး ကွန်တီ၊ နာဂယ်လ်စ်မန်းနဲ့ အက်ဒီဟိုဝီတို့လို နည်းပြတွေလည်း ရေပန်းစားနေပြန်ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ အသင်းပူးတွဲပိုင်ရှင်ရက်ကလစ်ဖ်က အသင်းအတွက် ပြည်တွင်းအင်္ဂလန်နည်းပြတစ်ဦးရဲ့ဦးဆောင်မှုကို ပိုမိုလိုလားနေတာကြောင့် ဟိုဝီကို ခန့်အပ်ဖို့ ပိုမိုနီးစပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ စိန့်ဂျိမ်းစ်ပတ်ခ်မှ ထွက်ခွာလာပြီးနောက် ဟိုဝီက အစောပိုင်းမှာ ဘောလုံးလောကနဲ့ ခေတ္တအဆက်ဖြတ်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးဆိုတဲ့ စွဲဆောင်မှုကိုတော့ အပြတ်ငြင်းဆန်လိုက်ဖို့ ခက်ခဲနိုင်ပါတယ်။

လတ်တလောမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ သူ့ရဲ့အခြေအနေကလည်း ရက်ကလစ်ဖ်ရဲ့ အမြင်မှာ အပေါင်းလက္ခဏာတစ်ခု ကြီးကြီးမားမား ဖြစ်နေပါတယ်။