The network connection is lost.

Banner Image

ဂျော့ရှ်ဂျီးဆပ်စ်နဲ့ အဆင်မပြေဖြစ်နေတဲ့ စီရော်နယ်ဒိုအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ပေးဖို့ ပြင်ဆင်လာတဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်

ပြင်သစ်သတင်းစာ L'Équipe ရဲ့ တနင်္ဂနွေနေ့ဖော်ပြချက်အရ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် နှုတ်ဆက်ပွဲတစ်ခု ကျင်းပပေးနိုင်ဖို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်(FPF) ကိုယ်တိုင် ကန့်လန့်ကာနောက်ကွယ်ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

ဥက္ကဋ္ဌပတ်ဒရိုပရိုအန်ဆာဦးဆောင်တဲ့ ဘုတ်အဖွဲ့က ဒီတိုက်စစ်မှူးနဲ့ နည်းပြဂျော့ရှ်ဂျီးဆပ်စ်တို့အကြား အဆင်ပြေလာအောင် ပြန်လည်စေ့စပ်ပေးဖို့ ကြိုးစားနေပေမဲ့ အလွန်ရှုပ်ထွေးလွန်းတဲ့ ကိစ္စတစ်ခုအဖြစ် သဘောပေါက်နားလည်ထားကြပါတယ်။

ဒါကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် FPF က ဒီဂန္တဝင်ကစားသမားကိုယ်တိုင် သူ့ရဲ့သမိုင်းကြောင်းနဲ့ ထိုက်တန်တဲ့ ပုံစံမျိုးဖြင့် လက်ရွေးစင်အသင်းကို နှုတ်ဆက်ခွင့် ရရှိစေမယ့် အခမ်းအနားတစ်ခု ပြုလုပ်ပေးဖို့ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ဆောင်လာနေပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပဲ အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒိုက ပေါ်တူဂီအသင်းစခန်းသွင်းလေ့ကျင့်မှုမှ ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လာမယ့်ပွဲစဉ်အတွက် စီရော်နယ်ဒိုကို ပွဲထွက်ခွင့်မပေးနိုင်ဘူးဆိုတဲ့ ဂျော့ရှ်ဂျီးဆပ်စ်ရဲ့ ထုတ်ဖော်ပြောဆိုမှုအပြီး ကစားသမားက သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ဖြင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ဆီ ထွက်ခွာသွားခဲ့ပါတယ်။ 

ဒါပေမဲ့ တဖက်မှာလည်း ဂျော့ရှ်ဂျီးဆပ်စ်လက်အောက် ပေါ်တူဂီလက်ရွေးစင်အသင်းက အက်စ်တာဒီယိုဒိုဒရာဂို (Estádio do Dragão) ကွင်းမှာ ပြိုင်ဘက်နော်ဝေကို အနိုင်ယူပြီး နေးရှင်းလိဂ်ပြိုင်ပွဲ၊ လိဂ်(A)ရဲ့ ကွာတားဖိုင်နယ်အဆင့်ဆီ စောစောစီးစီး တက်လှမ်းသွားခဲ့ပါတယ်။