The network connection is lost.

Banner Image

မန်စီးတီးရဲ့သတင်းတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်မိဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်

ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ ကလော့ပ်က ပြိုင်ဘက်ဟောင်း မန်စီးတီးရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အပြစ်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပေမဲ့ လီဗာပူးမှာရရှိခဲ့တဲ့ သူ့ရဲ့အောင်မြင်မှုတွေအပေါ် အဆင်ပြေကျေနပ်မိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီအသင်းရဲ့နောက်ဆုံးသတင်းစာရှင်းလင်းပွဲအတွင်း မန်စီးတီးရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှုစွဲချက်တွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ယာဂန်ကလော့ပ်က စကားတွေ ရှည်ရှည်ဝေးဝေးမပြောဘဲ တိုတိုတုတ်တုတ်ရှင်းရှင်းလင်းလင်း တုံ့ပြန်လာပါတယ်။

လီဗာပူးကို တာဝန်ယူခဲ့ချိန်အတွက် နောက်ကြောင်းပြန်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆု နောက်ထပ်နှစ်ခုလောက် ထပ်တိုးရရှိနိုင်မလားဆိုတဲ့အချက်ကြောင့် ကလော့ပ်ကတော့ စိတ်တုန်လှုပ်ခြောက်ခြားနေတဲ့ပုံစံမျိုး မတွေ့မြင်ရပါဘူး။

"ဒီအကြောင်းကို ကျွန်တော် ကြားပြီးပါပြီ၊ ဒါပေမဲ့ သိပ်ပြီးတော့ မတွေးထားပါဘူး။ ကျွန်တော်ကတော့ စောင့်ကြည့်ရုံပဲ တတ်နိုင်ပါတယ်" လို့ အသက် ၅၉ နှစ်အရွယ် နည်းပြက သဘောကျစွာ ရယ်မောရင်း ပြောကြားခဲ့ပါတယ်။

"ပက်ဂွါဒီယိုလာနဲ့ မန်စီးတီးရဲ့ ဘောလုံးကစားဟန်အပေါ် ကျွန်တော် လေးစားမှု ကြီးကြီးမားမားရှိပါတယ်။ သူတို့က အံ့ဖွယ်ပုံစံမျိုးနဲ့ ဘောလုံးကစားခဲ့ကြပြီး ကျွန်တော့်အတွက်ဆိုရင်လည်း ထိပ်တန်းအဆင့်ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ပါတယ်"

"ဘယ်လိုပြစ်ဒဏ်တွေပဲ ချမှတ်ပါစေ၊ ဒါက ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး၊ ကျွန်တော် စောင့်ကြည့်သွားမှာပါ။ ချန်ပီယံဆုရယူဖို့ ပြင်ဆင်တာမျိုး ဒါမှမဟုတ် အဲဒီလို အရာမျိုးတွေနဲ့ ကျွန်တော်က အဝေးကြီးပါပဲ"

"လီဗာပူးမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်လို့ ကျွန်တော် လုံးဝ အဆင်ပြေပါတယ်။ ကျွန်တော်တို့က ကွင်းတွင်းမှာ အစွမ်းကုန်ကြိုးစား တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှထပ်မပြောလိုပါဘူး"

"ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေရဲ့အသေးစိတ်အချက်အလက်တွေကို ကျွန်တော် မသိသလို အဲဒါတွေကိုလည်း စိတ်မဝင်စားပါဘူး" လို့ ကလော့ပ်က အငြင်းပွားမှုတွေကို အဆုံးသတ်ရင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

လီဗာပူးနည်းပြအဖြစ် ကိုးနှစ်ကြာတာဝန်ယူချိန်အတွင်း ကလော့ပ်ရဲ့အသင်းက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ၊ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွေမှာ မန်စီးတီးရဲ့နောက်၊ ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းခဲ့ပါတယ်။

အကယ်၍ ချန်ပီယံဆုတွေ ပြန်လည်ခွဲဝေပေးအပ်မယ်ဆိုရင် ကလော့ပ်ရဲ့ပရီးမီးယားလိဂ် အောင်မြင်မှုက ဖလားတစ်လုံးမှ သုံးလုံးအထိ တိုးတက်လာပါလိမ့်မယ်။