The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူပြီးနောက် ကိုဗင်ထရီရဲ့ ပရီးမီးယားလိဂ်နိုင်ပွဲကြီးအပေါ် ချီးကျူးလိုက်တဲ့ လမ်းပတ်

ကိုဗင်ထရီနည်းပြလမ်းပတ်က နော်တင်ဟမ်ဖောရက်စ်ကို ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သူ့ရဲ့အသင်းကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ရှေ့ဆက်နိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။
 
နော်တင်ဟမ်ဖောရက်စ်ရဲ့ City Ground ကွင်းပွဲစဉ်၊ ပွဲချိန် ၅၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဒါဆေးလ်ဗားရဲ့အဖိုးတန်အနိုင်ဂိုးနဲ့အတူ ကိုဗင်ထရီက ၂၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ရမှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လမ်းပတ်ရဲ့အသင်းက စက်တင်ဘာ/အောက်တိုဘာ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် တော့တင်ဟမ်ကိုကျော်ဖြတ်ကာ အမှတ်ပေးဇယားအဆင့် ၁၈ နေရာဆီ တက်လှမ်းလာပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် လမ်းပတ်က အသင်းအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အလွန်အရေးကြီးတဲ့ နိုင်ပွဲရရှိပြီးနောက် ရှေ့ဆက် ခြေစွမ်းပိုမိုပြသနိုင်လာတော့မယ်လို့ ယုံကြည်နေပါတယ်။
 
"ကျွန်တော် အရမ်းကောင်းတယ်လို့ ခံစားရသလို အံ့ဩစရာကောင်းတယ်လို့လည်း ခံစားရပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်ပုံ အရမ်းကောင်းပါတယ်။ ဒီကွင်းဆိုတာ လာရောက်ကစားဖို့ ခက်ခဲတဲ့နေရာတစ်ခုဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်လေးခုလုံး မတူညီတဲ့အခြေအနေတွေနဲ့ ရှုံးပွဲကြုံထားလို့ သွင်းဂိုးဘယ်လိုရမှာလဲ၊ နိုင်ပွဲ ဘယ်တော့ရမှာလဲဆိုပြီး အဆိုးမြင်ဖို့ လွယ်ကူစေပါတယ်" လို့ သူက ပြောပါတယ်။
 
"ဘောလုံးလောကရဲ့လက်တွေ့အရှိတရားကတော့ ကြိုးစားတိုက်ပွဲဝင်ရမယ်၊ အလုပ်လုပ်ရမယ်၊ ပြီးတော့ စနစ်တကျ ဖွဲ့စည်းမှု ရှိထားရမယ် ဆိုတာပါပဲ"
 
"ဒီနေ့မှာ ကစားသမားတွေရဲ့ကြိုးစားအားထုတ်ပုံတွေကို ကျွန်တော် ထုတ်ပြောနိုင်ပါတယ်။ VAR နဲ့ပတ်သက်လို့ ကိုယ့်ရဲ့ကံတရားကို ကိုယ်တိုင်ဖန်တီးယူရတာပါ။ ဒါ ပြစ်ဒဏ်ဘော (foul) လို့ ကျွန်တော်ထင်ပေမဲ့ ဒီလောက်အထိ ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကစားသမားတွေအတွက် ဆုလာဘ်နဲ့ထိုက်တန်တယ်လို့ မြင်ပါတယ်။ ဒါက အသင်းအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အလွန်အရေးကြီးပါတယ်"
 
"ကျွန်တော်တို့အသင်းမှာ ပရီးမီးယားလိဂ်ကို ပထမဦးဆုံးကစားဖူးတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ လူတိုင်းက ဝိန်းရွန်းနီ ဒါမှမဟုတ် ချက်ချင်း လွှမ်းမိုးနိုင်တဲ့ စူပါစတားတွေ မဟုတ်ကြပါဘူး။ ဒီနိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့မှာ ကစားသမားတွေက သူတို့ လုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ကြပါတယ်"
 
"ပြိုင်ဘက်ရဲ့ကစားကွက်စနစ်ကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ အသင်းကောင်းအချို့နဲ့ ယှဉ်ပြိုင်ကစားရချိန် ကျွန်တော်တို့လိုချင်တာထက် ပိုပြီးတိုက်ရိုက်ဆန်ဆန်ကစားခဲ့လို့ သူတို့ကို ရင်ဆိုင်နိုင်မယ့် အခွင့်အရေး ရရှိလာဖို့အတွက် အသင်းကို ကြိုတင်ပြင်ဆင်ခဲ့ပါတယ်"
 
"ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ ဂိုးသွင်းယူဖို့အတွက် လုံလောက်တဲ့ စိတ်ပိုင်းဖြတ်မှု ရှိရဲ့လားလို့ပဲ တွေးမိခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းပွဲချိန်အပြီးမှာ ကစားသမားတွေကို ဒီအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒါဆေးလ်ဗားရဲ့ဂိုးသွင်းယူမှု ပေါ်ပေါက်လာပါတယ်"
 
"ကျွန်တော် စိုးရိမ်ခဲ့ပါတယ်။ အရန်ခုံဆီ ပြန်သွားချိန် သူ ခလုတ်တိုက်မိသလို ထင်ရတယ်လို့ ပြောကြပေမဲ့ အချိန်ယူပြီး သေချာကြည့်လိုက်ချိန်မှာတော့ ပြိုင်ဘက်က ခြေထောက်ကို နင်းမိသွားလို့ ဟန်ချက်ပျက်သွားတယ်ဆိုတာ မြင်တွေ့နိုင်ပြီး တကယ့်ပြစ်ဒဏ်ဘော ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ VAR က မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။