The network connection is lost.

Banner Image

သရဲနီပါရမီရှင်လူငယ်ကြယ်ပွင့် ဂျေဂျေဂါဘရီရယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား ဂျေဂျေဂါဘရီရယ်လ်ကို ချဉ်းကပ်ဖို့ ကြိုးပမ်းနေတဲ့ ထိပ်တန်းကလပ်တွေထဲမှာ ဘိုင်ယန်မြူးနစ်လည်း ပါဝင်နေတယ်လို့ The Athletic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
အင်္ဂလန်ဘောလုံးလောကမှ ထွက်ပေါ်လာတဲ့ အကောင်းဆုံးပါရမီရှင်တွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီလူငယ်ကစားသမားက အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာနိုင်ဖို့ ယူနိုက်တက်အကြီးအကဲတွေဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
ဖာဘရီဇီယိုရိုမာနိုကလည်း အသက် ၁၅ နှစ်အရွယ်ကစားသမားလေးရဲ့ အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ ဘိုင်ယန်မြူးနစ်ရဲ့ဖုန်းခေါ်ဆိုမှုတချို့ ရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။
 
ဒါပေမဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူက လောလောဆယ်တော့ ဘိုင်ယန်ရဲ့ချဉ်းကပ်မှုက ဒီအဆင့်မှာပဲ ရှိသေးပြီး အခြားထိပ်တန်းကလပ်အများအပြားကလည်း ဂျာမန်ဘီလူးကြီးနည်းတူစိတ်ဝင်စားနေကြတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
Transfermarkt.com ရဲ့သတင်းရင်းမြစ်တွေအရ ယူနိုက်တက်မှထွက်ခွာချင်နေတဲ့ ဒီလူငယ်ပါရမီရှင်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်ချဲလ်ဆီးအသင်းလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘယ်တောင်ပံ (သို့မဟုတ်) ကွင်းလယ်တိုက်စစ်တွေနေရာတွေမှာ အထူးပြုကစားလေ့ရှိတဲ့ ဂါဘရီရယ်လ်က အင်္ဂလန်ယူ-၁၇ အသင်းအတွက် နှစ်ပွဲအထိ ပါဝင်ကစားထားပါတယ်။
 
ဒါ့အပြင် ဒီလူငယ်ကစားသမားလေးက မိဘဆွေမျိုးနောက်ခံကြောင့် အိုင်ယာလန်၊ ဆိုက်ပရပ်စ် ဒါမှမဟုတ် ထရန်နီဒက်နှင့်တိုဘာဂိုတို့ရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက်လည်း ကိုယ်စားပြုခွင့်ရွေးချယ်နိုင်မယ့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားပါတယ်။