The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ်ကွင်းမှာ ပရီးမီးယားလိဂ် ၁၀ ပွဲအထိ အနိုင်ရရှိတဲ့ ပထမဆုံးကလပ်အသင်းအဖြစ် မန်စီးတီးမှတ်တမ်းဝင်

မန်ချက်စတာစီးတီးက မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ကွင်းမှာ ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲအများဆုံးရရှိထားတဲ့ အသင်းအဖြစ် သူတို့ရဲ့စံချိန်ကို ထပ်မံတိုးချဲ့ခဲ့ပါတယ်။
 
ယမန်နေ့(တနင်္ဂနွေနေ့)၊ ၁၉၉ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးက နော်ဝေတိုက်စစ်မှူးဟာလန်းရဲ့ ပွဲချိန်မိနစ် ၆၀ သွင်းဂိုးနဲ့အတူ အနိုင်သုံးမှတ်အပြည့်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီသွင်းဂိုးမှာ အန်ဇိုဖာနန်ဒက်ဇ် လူကျွံအနေအထားရှိနေပေမဲ့ ကွင်းလယ်ဒိုင်က ဟာလန်းရဲ့သွင်းဂိုးကို ခွင့်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစောပိုင်းမှာ ဟာလန်းရဲ့သွင်းဂိုးကို လူကျွံတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်ဖျက်ခဲ့ပေမဲ့ VAR ပြန်လည်စစ်ဆေးမှုအရ နော်ဝေတိုက်စစ်မှူးမှာ လူကျွံအနေအထားမရှိဘူးလို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျီဗာဒီအောရဲ့ဖြတ်တင်ဘောပေးပို့မှုကို ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ် လူကျွံနေပေမဲ့ ဘောလုံးနဲ့တိုက်ရိုက်ထိတွေ့ခဲ့ခြင်း မရှိဘူးလို့ VAR က သတ်မှတ်ခဲ့ပါတယ်။
 
အခုအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်က ဖိုဒန်ရဲ့ပွဲချိန်ပထမပိုင်းအနီကတ်ပြစ်ဒဏ်အပါအဝင် ကွင်းလယ်ဒိုင်အတွက် အရေးကြီးဆုံးဖြတ်ချက်တွေ အများကြီးချမှတ်ခဲ့ရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ မန်စီးတီးကွင်းလယ်ကြယ်ပွင့်က ဘရူနိုဖာနန်ဒက်စ်အပေါ် အားကစားသမားမပီသစွာ ပြုမူခဲ့လို့ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့အတူ ကွင်းတွင်းမှ ထွက်ခွာသွားရပါတယ်။

အခုလိုလူအင်အားနည်းပါးသွားပေမဲ့လည်း မန်စီးတီးက ဟာလန်းရဲ့အငြင်းပွားဖွယ်အနိုင်ဂိုးနဲ့အတူ ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကြီးမားဆုံးပြိုင်ဘက်ရဲ့အိမ်ကွင်းမှာ ၁၀ ကြိမ်မြောက် အနိုင်ရရှိတဲ့မှတ်တမ်းလည်း ပိုင်ဆိုင်သွားပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးက အိုးထရက်ဖို့ဒ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲရရှိမှုအများဆုံးစံချိန်ကို ထပ်မံတိုးချဲ့နိုင်ခဲ့ပါတယ်။

**ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် အိုးထရက်ဖို့ဒ်ကွင်းမှာ နိုင်ပွဲအများဆုံးရရှိခဲ့တဲ့ ဧည့်သည်အသင်းများ**
 
* မန်ချက်စတာစီးတီး - ၁၀ ပွဲ
* လီဗာပူး - ၈ ပွဲ
* အာဆင်နယ် - ၆ ပွဲ
* ချဲလ်ဆီး - ၆ ပွဲ