The network connection is lost.

Banner Image

အမ်းမရိတ်စ်ကွင်းလန်ဒန်ဒါဘီမှာ အနိုင်သုံးမှတ်အပြည့် ရယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၂-၁ ချဲလ်ဆီး (ပွဲပြီးရလဒ်)

အခုလန်ဒန်ဒါဘီမှာ အိမ်ရှင်တွေရော၊ ဧည့်သည်တွေပါ အကြိတ်အနယ်ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားသွားကြလို့ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲအစမိနစ်ပိုင်းမှာတင် ဧည့်သည်ချဲလ်ဆီးအတွက် ရိုဂျာစ်က သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ ကိုင်ဟားဗက်ဇ်က အိမ်ရှင်ဂန်းနားတွေအတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အိမ်ရှင်အာဆင်နယ်တို့ အနိုင်ဂိုးရရှိခဲ့ပြီး အသင်းခေါင်းဆောင်အိုဒီဂတ်က အမှားအယွင်းမရှိ သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က ရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူ အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ချဲလ်ဆီးကတော့ နည်းပြသစ်အလွန်ဆိုလက်အောက် ပထမဆုံးလိဂ်ရှုံးပွဲကို ပိုင်ဆိုင်သွားပါတယ်။