The network connection is lost.

Banner Image

လီဗာပူးကစားသမားဘ၀ပွဲဦးထွက်လာတဲ့ ဘာကိုလာနဲ့ပတ်သက်လို့ စိတ်ရှည်သည်းခံပေးဖို့ တောင်းဆိုလိုက်တဲ့ အီရာအိုလာ

လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက အစ်ဆွစ်တောင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ သောကြာနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ဘာကိုလာရဲ့ခြေစွမ်းကို သဘောကျနေခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားက အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင် ၁၂၃ သန်းဖြင့် ပီအက်စ်ဂျီမှ အန်ဖီးလ်ကွင်းဆီ ရောက်ရှိလာခဲ့ပါတယ်။

လီဗာပူးအသင်းအတွက် ဘောလုံးရာသီသစ်ရဲ့ပထမဆုံးအနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့တဲ့ အစ်ဆွစ်တောင်းနဲ့ပွဲစဉ်မှာ ဘာကိုလာက ပွဲချိန်နောက်ဆုံး ၂၆ မိနစ်စာအတွက် အရန်ခုံမှတဆင့် လူစားဝင်ပြီး ပါဝင်ကစားခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် အီရာအိုလာက ဘာကိုလာရဲ့ အသင်းအတွက် ကူညီပေးနိုင်မှုအပေါ် ကျေနပ်မိပေမဲ့ ကစားသမားကိုယ်တိုင် အသင်းနဲ့ အသားကျလာဖို့အတွက် အချိန်ယူရဦးမယ်လို့ ဝန်ခံခဲ့ပါတယ်။

"ဘာကိုလာတော့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ဘောလုံးပေးပို့မှုတွေလည်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်"လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။

"သူ့ဆီမှာ ပြိုင်ဘက်တွေအပေါ် အမြဲလိုလိုခြိမ်းခြောက်နိုင်စွမ်းရှိလို့ တန်ပြန်တိုက်စစ်ကစားချိန်မှာ တစ်ခါတရံ ကျွန်တော်တို့ သူ့ဆီ ဘောလုံးမပေးနိုင်ခဲ့တာကြောင့် ဒါမျိုးလှုပ်ရှားမှုတွေကို ကျွန်တော်တို့ လေ့လာသွားရပါလိမ့်မယ်။

သူက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက တရားဝင်ပွဲစဉ်တွေ ပါဝင်ကစားရခြင်း မရှိသေးလို့ ကျွန်တော်တို့ ပိုပြီးဂရုစိုက်သွားရဖို့ ရှိပါတယ်။ ဒါပေမဲ့ သူ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်"လို့ ဆိုပါတယ်။