ကာရာဘောင်ဖလားတတိယအဆင့်မှာ လီဗာပူးနဲ့ တော့တင်ဟမ်တို့ ထိပ်တိုက်တွေ့ဆုံနေ
ကာရာဘောင်ဖလားတတိယအဆင့်မဲခွဲမှုမှာ လီဗာပူးနဲ့ တော့တင်ဟမ်တို့ ထိပ်တိုက်နေတယ်လို့ သိရပါတယ်။
ဒုတိယအဆင့်မှာ ချာလ်တန်ကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီးတက်လာတဲ့ တော့တင်ဟမ်အသင်းက တတိယအဆင့်ပွဲစဉ်အဖြစ် အန်းဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်များ
* လီဗာပူး vs တော့တင်ဟမ်
* ယူနိုက်တက် vs ဘရိုက်တန်
* မန်စီးတီး vs နော်ဝစ်ချ်
* အစ်ဆွစ် vs အာဆင်နယ်
* ကိုဗင်ထရီ vs အက်စတွန်ဗီလာ
* ဘုန်းမောက် vs လင်ကွန်းစီးတီး
* ဆန်းဒါးလန်း vs ဟားလ်စီးတီး
* ခရစ္စတယ်ပဲလေ့စ် vs မစ်ဒယ်ဘရော့
* အဲဗာတန် vs ဝုဗ်
* မီလ်ဝေါ vs နယူးကာဆယ်
* ရီးဒင်း vs ဘရန့်ဖို့ဒ်
* ဝက်စ်ဟမ်း vs ဖူဟမ် (သို့မဟုတ်) AFC ဝင်ဘယ်ဒန်
* ချဲလ်ဆီး (သို့မဟုတ်) လူတန်တောင်း vs လိဒ်စ်ယူနိုက်တက်
ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အားလုံးကို လာမယ့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။