The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်ကို အဓိကကစားသမားတစ်ဦး လွဲချော်မယ်လို့ နယူးကာဆယ်နည်းပြဂျေဆဲလ် အတည်ပြု

နယူးကာဆယ်နည်းပြမက်သီးယပ်စ်ဂျေဆဲလ်က လာမယ့်တနင်္ဂနွေနေ့၊ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ လီဗရာမန်တို ပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ 

တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ကြံ့ခိုင်မှုအပြည့်အ၀ရရှိစေဖို့ ကြိုးပမ်းနေတဲ့ လီဗရာမန်တိုအတွက် ပွဲကစားချိန်မိနစ်တွေ ရရှိဖို့ဆိုတာ အလွန်စောလွန်းနေပါသေးတယ်လို့ ဂျေဆဲလ်က ဆိုပါတယ်။

"လီဗရာမန်တိုက တစိတ်တပိုင်းပါဝင်ပတ်သက်တဲ့ လေ့ကျင့်ခန်းဆင်းမှု တစ်ကြိမ်ပဲ ပြုလုပ်ထားရပါသေးတယ်။ ဒါကြောင့် လက်ရှိမှာ သူ့ရဲ့ပြန်လည်သက်သာလာမှုအခြေအနေအပေါ် ကျွန်တော်တို့ ပါးပါးနပ်နပ်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်" လို့ ဂျေဆဲလ်က ပြောကြားခဲ့ပါတယ်။

"သူ့မှာ အလားအလာကောင်းတွေ ရှိပါတယ်။ ကျွန်တော်လည်း သူ့ကို သဘောကျပြီး သူ ပြန်ပါဝင်လာမယ့်အချိန်ကို မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဒါပေမဲ့ သူ ရာနှုန်းပြည့်အဆင်သင့် ဖြစ်လာချိန်အထိ ကျွန်တော်တို့ စောင့်ဆိုင်းသွားရပါမယ်"လို့ ဆက်ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နယူးကာဆယ်အသင်းအတွက် လေ့ကျင့်ရေးကွင်းဆီ လီဗရာမန်တို ပြန်လည်ရောက်ရှိလာတယ်ဆိုတာ သတင်းကောင်းတစ်ရပ် ဖြစ်ပါတယ်။

အခုလိုရာသီသစ်စတင်မှုမှာ လီဗရာမန်တို မပါဝင်နိုင်သေးပေမဲ့ ကစားသမားသစ်ဒီဒစ်ကတော့ လီဗာပူးနဲ့ပွဲစဉ်အတွက် ပွဲထွက်ကစားသွားဖို့ အလားအလာရှိနေပါတယ်။

ဂျေဆဲလ်က ဘော့စနီးယားညာနောက်ခံလူရဲ့စွယ်စုံရအရည်အသွေးကြောင့် နယူးကာဆယ်အသင်းလူစာရင်းအတွက် အသင့်တော်ဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

"ဒီဒစ်က နောက်ခံအစွန်လူနေရာနှစ်ခုလုံးမှာ ကစားနိုင်စွမ်း ရှိပါတယ်" လို့ ဂျေဆဲလ်က ပြောကြားခဲ့ပါတယ်။

"လူငယ်ကစားသမားဘဝမှာတောင် သူက ဗဟိုနောက်ခံလူအဖြစ် ပွဲစဉ်အနည်းငယ် ကစားခဲ့ဖူးပါတယ်။ သူ့ရဲ့ကစားပုံက တကယ့်ကို အသုံးဝင်ပါတယ်။

ဆဲလ်ဘတ်အသင်းမှာ ကျွန်တော်တို့ အတူတကွဖြတ်သန်းခဲ့တဲ့ အချိန်တွေကြောင့် သူ့ရဲ့ကစားဟန်ကို နားလည်ထားလို့ အကျိုးရှိပါတယ်။ အထူးသဖြင့် လေ့ကျင့်ဖို့အတွက် အချိန်အများကြီးမရရှိနိုင်တဲ့ အခိုက်အတန့်မျိုးမှာ ပိုမိုအကျိုးရှိစေပါတယ်" လို့ ဆိုပါတယ်။

ဒီဒစ်က အခုအပတ်အစောပိုင်းမှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် တိုင်နီဆိုဒ်မြေဆီ ရောက်ရှိလာပါတယ်။ နယူးကာဆယ်အသင်းက လီဗရာမန်တိုဒဏ်ရာရရှိမှုနဲ့ ထရစ်ပီယာထွက်ခွာသွားမှုတို့ကြောင့် ဒီဒစ်ကို ခေါ်ယူဖို့ အသည်းအသန်လိုအပ်ခဲ့ပါတယ်။