The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကစားသမားအနာဂတ်နဲ့ပတ်သက်လို့ မီဒီယာတွေအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ ဗင်နီစီးယက်စ်ရဲ့အေဂျင့်အဖွဲ့

ဗင်နီစီးယက်စ်ရဲ့ကိုယ်စားလှယ်အဖွဲ့က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်နဲ့ပတ်သက်ပြီး ရေးသားဖော်ပြနေကြတဲ့ သတင်းမီဒီယာတွေအပေါ် ဝေဖန်ပြောဆိုလိုက်ကာ အချို့သောသတင်းဖော်ပြမှုတွေကို ပရော်ဖက်ရှင်နယ်မဆန်သောလုပ်ရပ်အဖြစ် သတ်မှတ်ပြီး စိတ်ပျက်မိတယ်လို့ တုံ့ပြန်လာပါတယ်။

ဒီဘရာဇီးတိုက်စစ်မှူးရဲ့ကိုယ်စားလှယ်အေဂျင်စီဖြစ်တဲ့ Roc Nation Sports International က အသက် ၂၆ နှစ်အရွယ်ဘောလုံးကြယ်ပွင့်ရဲ့အပြောင်းအရွှေ့သတင်းတွေ ပိုမိုထွက်ပေါ်လာလို့ တနင်္ဂနွေနေ့မှာပဲ ပြင်းထန်တဲ့စကားလုံးတွေနဲ့ ထုတ်ပြန်တစ်ရပ်ကို ထုတ်ပြန်လာခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဘယ်သတင်းဌာနကို ရည်ညွှန်းတယ်ဆိုတာ အတိအကျမဖော်ပြထားပေမဲ့ ဗင်နီးစီးယက်စ်ရဲ့ဘာနေဗျူးအနာဂတ်ကလည်း လူပြောများလာနေပါတယ်။ 

"ပရော်ဖက်ရှင်နယ် မဆန်တဲ့၊ အချက်အလက်မခိုင်လုံတဲ့ မီဒီယာတွေက လူထုအာရုံစိုက်ခံရဖို့အတွက် သတင်းအမှားတွေ ရေးသားနေတာကို ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ဒီတိုင်း ကြည့်မနေနိုင်ပါဘူး" လို့ Roc Nation Sports International အေဂျင်စီရဲ့ ဥက္ကဋ္ဌ မိုက်ကယ်ယောမတ်ခ်က Instagram မှာ ရေးသားခဲ့ပါတယ်။

"အထူးသဖြင့် ကျွန်တော်တို့ရဲ့ကစားသမားတွေကို ဘာအခြေအမြစ်မှမရှိဘဲ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာတယ်ဆိုတာတော့ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါ အနှောင့်အယှက်ဖြစ်စေသလို၊ ထိခိုက်နစ်နာစေပြီး ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေပါတယ်။ မီဒီယာတွေနဲ့ သတင်းထောက်တွေကိုယ်တိုင် ကိုယ့်အလုပ်အပေါ်မှာ ပိုပြီး တာဝန်ယူမှုရှိဖို့ လိုပါတယ်" လို့ သူက ဆိုပါတယ်။

ဒီတောင်ပံကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်း ဝင်ရောက်လာနေပြီး စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းမှုတွေမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုလိုမရေမရာဖြစ်နေတဲ့ အခြေအနေကြောင့် အာဆင်နယ်အသင်းက ဗင်နီစီးယက်စ်ကို ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်လာပါတယ်။ ဂန်နားတွေက ကမ္ဘာ့အဆင့်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက် ကလပ်အသင်းရဲ့ လစာပေးချေမှုပုံစံတွေ ပြောင်းလဲဖို့အပြင် ပုံရိပ်အသုံးပြုခဆိုင်ရာ အခွင့်အလမ်းတွေကိုပါ အသုံးချဖို့အထိ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။