The network connection is lost.

Banner Image

ဒဏ်ရာကြောင့် စက်တင်ဘာလဆန်းပိုင်းအထိ အနားယူရမယ့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်

လာလီဂါထိပ်သီးရီးရဲလ်မက်ဒရစ်အသင်းက အခုသီတင်းပတ်ပိတ်ရက်မှာ ကစားသမားဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါက လူငယ်ကစားသမားလေးသီယာဂိုပီတာ့ချ်ရဲ့ ဒဏ်ရာပြဿနာနဲ့အတူ ခေတ္တအနားယူရမယ့် အတည်ပြုချက် ထွက်ပေါ်လာမှုကြောင့် ဖြစ်ပါတယ်။

ကွင်းလယ်လူပီတာ့ချ်က ယမန်နှစ်ဘောလုံးရာသီမှာ စီနီယာအသင်းကြီးဆီ စတင်ခြေချနိုင်ခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အံ့အားသင့်ဖွယ် ၁၁ ကြိမ်အထိ ပွဲထွက်ခွင့် ရရှိပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဒီလူငယ်ကြယ်ပွင့်က နည်းပြသစ်မော်ရင်ဟိုရဲ့ အထင်ကြီးမှုကို ရယူနိုင်ဖို့နဲ့ သူ့ရဲ့တိုးတက်မှု ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် စပိန်မှာပြုလုပ်မယ့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို အသုံးချဖို့ မျှော်လင့်ထားခဲ့ပါတယ်။

ဒါပေမဲ့ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ စတင်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ပီတာ့ချ်အတွက် ဒဏ်ရာပြဿနာ ဝင်ရောက်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် သတင်းရင်းမြစ် Arancha Rodríguez ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက "ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ သီယာဂိုပီတာ့ချ် ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ သူက စက်တင်ဘာလ အစောပိုင်းအထိ အနားယူသွားရဖို့ ရှိနေပါတယ်" လို့ ဖော်ပြထားပါတယ်။