The network connection is lost.

Banner Image

ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မယ့် ဂျွန်စတုန်းစ်ကို ခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ အပြိုင်အဆိုင်ဖြစ်လာတဲ့ ဂျူဗင်တပ်စ်

အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရှိနေတဲ့ နောက်ခံလူဂျွန်စတုန်းစ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်၊ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့အပြိုင် ဂျူဗင်တပ်စ်လည်း ကြိုးပမ်းလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားက လွန်ခဲ့တဲ့ ၁၀ စုနှစ်တာကာလက အဲဗာတန်မှ မန်စီးတီးဆီ ပေါင် ၄၇ ဒဿမ ၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး အခုနွေရာသီမှာ မန်ချက်စတာအခြေစိုက်ကလပ်အသင်းနဲ့ လမ်းခွဲကာ ကလပ်အသင်းလက်မဲ့ ဖြစ်လာပါတယ်။

ဒီဗဟိုနောက်ခံလူက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာမျိုးစုံနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၈ ပွဲသာ ကစားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲမှာလည်း ၅ ကြိမ်သာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ဒီလိုရုန်းကန်ခဲ့ရပေမဲ့လည်း ဂျွန်စတုန်းစ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ကစားခဲ့ပြီး ချဲလ်ဆီး၊ အာဆင်နယ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတယ်။

အခုတော့ Sky Italia သတင်းထောက် လူကာဘန်ဒိုနီရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းလည်း မန်စီးတီးကြယ်ပွင့်ဟောင်းကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာပြီလို့ သိရပါတယ်။ ဂျူဗင်တပ်စ်က ကစားသမားရဲ့ကိုယ်စားလှယ်တွေဆီ "အလေးအနက် ဆက်သွယ်ထားပြီး" အပြောင်းအရွှေ့အမြန်ဆုံးအပြီးသတ်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ ဘန်ဒိုနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။