The network connection is lost.

Banner Image

ချဲလ်ဆီးနောက်ခံလူ ထရီဗိုချာလိုဗာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်တဲ့ ကိုမို

ဆက်စ်ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဟာ ချယ်လ်ဆီးအသင်းက နောက်ခံလူ ထရီဗိုချာလိုဗာကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချာလိုဗာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအနည်းငယ်ကတည်းက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားဖို့အထိ နီးစပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Sky Sport Italia ရဲ့ ဖော်ပြချက်အရ သီတင်းပတ်ပေါင်းများစွာ ခန့်မှန်းချက်တွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ချာလိုဗာကို ကိုမိုအသင်းဆီ ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကလပ်အသင်းနှစ်သင်းကြား အပိုဆုကြေးတွေအပါအဝင် ယူရို ၃၅ သန်းဝန်းကျင်နဲ့ သဘောတူညီမှုရရှိဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ဖာဘရီဂတ်စ်ရဲ့အသင်းဟာ အင်တာမီလန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့လို အသင်းတွေကို ကျော်ဖြတ်ပြီး ချာလိုဗာကို အရခေါ်ယူနိုင်ဖို့ ပြင်ဆင်နေသလို သူတို့ရဲ့ အရှိန်အဟုန်နဲ့ ကစားသမားခေါ်ယူအားဖြည့်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။