The network connection is lost.

Banner Image

Comeback နိုင်ပွဲဖြင့် ဗိုလ်လုပွဲတက်ရောက်သွားတဲ့ အာဂျင်တီးနား

အင်္ဂလန် ၁-၂ အာဂျင်တီးနား (ပွဲပြီးရလဒ်)

အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့် ထိပ်တိုက်တွေ့ဆုံမှုအဖြစ် နာမည်ကြီးအင်္ဂလန်နဲ့ လက်ရှိချန်ပီယံအာဂျင်တီးနားတို့ အားပြိုင်ကြရာ အာဂျင်တီးနားက Comeback နိုင်ပွဲတစ်ခု ဖန်တီးပြီး ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းသွားပါတယ်။ အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာပဲ အင်္ဂလန်က ဂေါ်ဒွန်ရဲ့ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး ခံစစ်ကိုအာရုံစိုက်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒီနောက်မှာ ပြိုင်ဘက်ရဲ့နည်းဗျူဟာပိုင်းအပြောင်းအလဲကို အာဂျင်တီးနားတို့ အခွင့်အရေးယူနိုင်ခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပွဲချိန်နှောင်းပိုင်းချေပဂိုး၊ လူစားဝင်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာနိုင်ပွဲတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ဥရောပထိပ်သီးစပိန်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိပြီး အင်္ဂလန်ကတော့ ပြင်သစ်နဲ့ တတိယနေရာလုပွဲကို ဆင်နွှဲသွားရပါမယ်။