The network connection is lost.

Banner Image

မက္ကဆီကိုနဲ့ပွဲစဉ်မှာ မလိုချင်စရာ ကမ္ဘာ့ဖလားစံချိန်ဆိုးတစ်ခုကို ပိုင်ဆိုင်သွားတဲ့ ဟယ်ရီကိန်း

ပုံမှန်ဆိုရင်တော့ ဟယ်ရီကိန်းဆိုတာ အောင်ပွဲခံတဲ့ဘက်မှာပဲ အမြဲရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဟယ်ရီကိန်း စိတ်ပျက်လက်ပျက် ဖြစ်သွားပါပြီ။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟယ်ရီကိန်းဟာ တနင်္လာနေ့မနက်၊ မက္ကဆီကိုနဲ့ပွဲစဉ်မှာ ပင်နယ်တီမှတဆင့် ဂိုးသွင်းယူပြီး အင်္ဂလန်အတွက် ၃-၁ ဂိုးဆိုတဲ့ ရလဒ်ကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူက ဂိုးဧရိယာအတွင်း မက္ကဆီကိုကစားသမားဂူတီယာရက်ဇ်ကို ကန်မိသလိုဖြစ်ခဲ့လို့ ပြိုင်ဘက်မက္ကဆီကိုအတွက် ပင်နယ်တီ ပြန်ပေးလိုက်ရပါတယ်။

ဒီပင်နယ်တီကြောင့်ပဲ အင်္ဂလန်က ဒုတိယမြောက်ချေပဂိုးပြန်ပေးလိုက်ရပြီး မက္ကဆီကိုရဲ့ဖိအားပေးမှုကို ပွဲပြီးဆုံးချိန်အထိ တောင့်ခံခဲ့ရပါတယ်။

ဒါကြောင့် ဟယ်ရီကိန်းက ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုအတွင်း ပင်နယ်တီဂိုးလည်း သွင်းယူနိုင်သလို ပြိုင်ဘက်အတွက် ပင်နယ်တီအခွင့်အရေးပါ ပြန်ပေးခဲ့ရတဲ့ ပထမဆုံးကစားသမားအဖြစ် မလိုချင်စရာ သမိုင်းမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။