The network connection is lost.

Banner Image

ဘာလိုဂန်အတွက် ဖီဖာရဲ့ပွဲပယ်ပြစ်ဒဏ်ပယ်ဖျက်ပေးမှုနဲ့ပတ်သက်လို့ ကွန်ဂိုကြယ်ပွင့်ဟောင်းဘိုလာစီ မေးခွန်းထုတ်

အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ကို ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ ခွင့်ပြုပေးလိုက်တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်အပေါ် ကွန်ဂိုတိုက်စစ်မှူးဟောင်းယန်နစ်ဘိုလာစီက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ဘာလိုဂန်က ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်ကျခံခဲ့ရလို့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံသွားဖို့ရှိခဲ့ပေမဲ့ ဖီဖာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ပြစ်ဒဏ်ဆိုင်းငံ့ပေးမှုနဲ့အတူ လာမယ့်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘိုလာစီက ဖီဖာရဲ့စည်းမျဉ်းတွေကို တရားမျှတမှုရှိ၊မရှိ မေးခွန်းထုတ်ခဲ့ပြီး အာဖရိကဘောလုံးလောကနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

X (ယခင် Twitter) လူမှုကွန်ရက်ပေါ်မှတဆင့် ဘိုလာစီက " အာဖရိကဖလား (AFCON) ပြိုင်ပွဲကာလအတွင်း ဒီလိုဆုံးဖြတ်ချက်မျိုးပေါ်ပေါက်ပြီး အနီကတ်ပြခံရသူကို ပွဲပြန်ကစားခွင့်ပေးလိုက်မယ်ဆိုရင်တော့ လူတွေ တောမီးလောင်သလို ဝိုင်းဝန်းဝေဖန်ကဲ့ရဲ့ကြမယ်ဆိုတာ သေချာပါတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။

ဘိုလာဆီအပြင် ဘောလုံးပရိသတ်တွေနဲ့ ဝေဖန်သုံးသပ်သူတွေအကြားမှာလည်း အခုလို ဘာလိုဂန်ကို ပြန်ကစားခွင့်ပေးမှုကို ပုံမှန်စည်းကမ်းတွေနဲ့ ညီညွှတ်မှုရှိ၊မရှိ သဘောထားကွဲလွဲနေကြပါတယ်။