The network connection is lost.

Banner Image

အရေးပေါ်အစည်းအဝေးအပြီး ဂျာမနီအသင်းနည်းပြရာထူးကို စွန့်လွှတ်ရဖို့ အတော်လေးနီးစပ်လာတဲ့ နာဂယ်စ်မန်း

ပြီးခဲ့တဲ့တနင်္ဂလာနေ့၊ ပါရာဂွေးကိုရှုံးနိ့မ်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီး ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

Bild သတင်းဌာနရဲ့ဖော်ပြချက်အရ ကြာသပတေးနေ့မှာ နာဂယ်စ်မန်းနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဖြစ်တဲ့ ဘန်နူအန်ဒေါ့ဖ်၊ ဂျိုအာချင်ဝက်ဇ်ကီ၊ ရူဒီဗောင်လာ၊ အန်ဒရီယာရက်တစ်တို့ သုံးနာရီကြာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီသတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၃၈ နှစ်အရွယ်နည်းပြနာဂယ်စ်မန်းကို စာချုပ်သက်တမ်းကုန်ဆုံးဖို့ နှစ်နှစ်အလိုမှာတင် "ဂုဏ်သိက္ခာရှိရှိ၊ လိပ်ပြာသန့်သန့် နုတ်ထွက်နိုင်ဖို့" အခွင့်အရေး ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အချိန်ယူစဉ်းစားဖို့ နာဂယ်စမန်းအတွက် အခွင့်အရေးပေးထားပြီး လူငယ်နည်းပြအတွက် ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူရှိနိုင်မယ့်အချိန်တွေ ကုန်ဆုံးဖို့ နီးစပ်နေပြီလို့ ဆိုရပါလိမ့်မယ်။

အကယ်၍ နာဂယ်စ်မန်းသာ နုတ်မထွက်ဘူးဆိုရင် ဂျာမနီဘောလုံးအဖွဲ့ချုပ်က ယူရို ၇ သန်းကျော်တန်ကြေးရှိမယ့် စာချုပ်ဖျက်သိမ်းမှုဖြင့် နာဂယ်စ်မန်းနဲ့လမ်းခွဲသွားမယ့် အလားအလာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

နာဂယ်စ်မန်းရဲ့အခြေအနေကို လာမယ့်သီတင်းပတ်အစောပို်ငးနောက်ဆုံးထားကာ အဖြေထုတ်သွားဖို့ရှိပြီး သူ့ရဲ့နေရာမှာအစားထိုးဖို့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ယာဂန်ကလော့ပ်ကို စိတ်ဝင်စားနေကြပါတယ်။