The network connection is lost.

Banner Image

ရီးစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာပြဿနာတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းဖွင့်ဟလာတဲ့ ကက်စကာရီနို

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း တိုနီကက်စကာရီနိုက ရီးစ်ဂျိမ်းစ်နဲ့ သူအမြဲတမ်းကြုံတွေ့နေရတဲ့ ဒဏ်ရာအခြေအနေတွေအကြောင်းကို ပြောပြလာပါတယ်။

မိုက်ကယ်အိုဝင်ဟာ ဘလွန်းဒီအောဆုကို နောက်ဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ဗြိတိန်ကစားသမားဖြစ်ပေမဲ့ ပေါင်ခြံနဲ့ ပေါင်ဒဏ်ရာတွေ ထပ်ခါတလဲလဲ ဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ "စိတ်တွေပါ ပေါက်ကွဲမတတ် ခံစားခဲ့ရတယ်" လို့ ဝန်ခံခဲ့ပြီး အသက် ၃၃ နှစ်အရွယ်မှာပဲ ဘောလုံးလောကကနေ အနားယူခဲ့ရပါတယ်။

အိုဝင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေဟာ အင်္ဂါနေ့က ဂါနာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ စိတ်ပျက်စရာပွဲအပြီးမှာ နောက်ထပ် တံကောက်ကြောဒဏ်ရာတစ်ခု ထပ်ရသွားခဲ့တဲ့ ရီးစ်ဂျိမ်းစ်ရဲ့ အခြေအနေနဲ့ ဆင်တူနေပါတယ်။

ကက်စကာရီနိုက Tonybet နဲ့ စကားပြောဆိုရာမှာ ဂျိမ်းစ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဝန်ခံခဲ့ပြီး ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ပွဲမှာ ဂျိမ်းစ် ပါဝင်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။

"ရီးစ်ဂျိမ်းစ် တံကောက်ကြောခွဲစိတ်မှုလုပ်ခဲ့တာ ၃ နှစ်လောက်ရှိပါပြီ၊ ဒါဟာ မိုက်ကယ်အိုဝင်ရဲ့ ကစားသမားဘဝကို သွားသတိရစေပါတယ်။ ခွဲစိတ်မှုအပြီးမှာ အိုဝင်ဟာ အရင်လို ကစားသမားမျိုး ဘယ်တော့မှ ပြန်မဖြစ်လာတော့ဘူးလို့ သူကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။ တံကောက်ကြောခွဲစိတ်မှုလုပ်ပြီးရင် ဒဏ်ရာဟောင်းတွေ ပြန်ပေါ်ဖို့ အမြဲတမ်း နီးစပ်နေတတ်တာကြောင့် ချယ်လ်ဆီးအသင်းက ဂျိမ်းစ်ရဲ့ ကစားချိန်ကို အမြဲတမ်း အထူးဂရုစိုက်ပြီး ထိန်းညှိပေးနေရတာပါ" လို့ ကက်စကာရီနိုက ဆိုပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ရီးစ်ဂျိမ်းစ် နောက်ထပ် ဒဏ်ရာရသွားတာက အံ့ဩစရာတော့ မဟုတ်ပါဘူး၊ သူ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ သူက အရမ်းတော်တဲ့ ကစားသမားတစ်ယောက်ပါ၊ ဒါပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် သူ့အပေါ်မှာ အများကြီး သက်ရောက်မှုတွေ ရှိနေပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ဂျိမ်းစ် နောက်တစ်ကြိမ် ဒဏ်ရာကြောင့် အနားယူရပြန်ပြီဖြစ်လို့ အမြဲတမ်း ဒဏ်ရာရနေပြီး ပွဲထွက်နိုင်ဖို့ ခက်ခဲနေတဲ့ အစွန်နောက်ခံလူရဲ့ အခြေအနေကြောင့် ရာသီသစ်မစတင်မီမှာ ချယ်လ်ဆီးနည်းပြ ဇာဘီအလွန်ဆိုအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပါတယ်။