The network connection is lost.

Banner Image

ကနေဒါကို အနိုင်ယူကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်လှမ်းသွားတဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန် ၂-၁ ကနေဒါ (ပွဲပြီးရလဒ်)

အုပ်စု(B)ရဲ့အပိတ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်နဲ့ ပူးတွဲအိမ်ရှင်ကနေဒါတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အခုပွဲစဉ်ရဲ့ ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဗားဂတ်စ်၊ မန်ဇမ်ဘီတို့က ဆွစ်ဇာလန်အတွက် ဦးဆောင်ဂိုးတွေကို သွင်းယူခဲ့ကြပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ လူစားဝင်ကစားသမားပရောမစ်ရဲ့သွင်းဂိုးကြောင့် ပူးတွဲအိမ်ရှင်ကနေဒါတို့ ဗွေဆော်ဦးချေပဂိုးရရှိခဲ့ပြီး နောက်ထပ်ချေပဂိုးတွေရှာဖွေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ ပြိုင်ဘက်ဆွစ်ဇာလန်ကို အရေးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အုပ်စု(B) မှာ ဆွစ်ဇာလန်က ပထမ၊ ကနေဒါက ဒုတိယနေရာရရှိခဲ့ပြီး ကာတာကို အနိုင်ယူခဲ့တဲ့ ဘော့စနီးယားကတော့ လေးမှတ်ရရှိထားမှုနဲ့အတူ အကောင်းဆုံးအုပ်စုတတိယအဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်မလား စောင့်ကြည့်သွားရပါတော့မယ်။