The network connection is lost.

Banner Image

အုပ်စုအဖွင့်ပွဲစဉ်မှာ အပြန်အလှန်ဂိုးတွေသွင်းယူရင်း တစ်မှတ်စီခွဲဝေယူခဲ့တဲ့ အီရန်နဲ့ နယူးဇီလန်

အီရန် ၂-၂ နယူးဇီလန် (ပွဲပြီးရလဒ်)

အုပ်စု(G)ရဲ့အဖွင့်ပွဲစဉ်အဖြစ် အီရန်နဲ့နယူးဇီလန်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်တိုက်စစ်ဆင်ကစားရင်း ဂိုးတွေသွင်းယူကာ တစ်မှတ်စီခွဲဝေယူခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အစောပိုင်းမှာ အီလီယာဂျက်စ်က နယူးဇီလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အီရန်အတွက်ချေပဂိုးကို ရီဇိုင်းအီက ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ ပြန်လည်ရှာဖွေပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာလည်း အီလီယာဂျက်စ်က နယူးဇီလန်အတွက် ဦးဆောင်ဂိုးကို  ရှာဖွေပေးခဲ့ပေမဲ့ မိုဟတ်ဘီရဲ့ကောင်းမွန်လှတဲ့ခေါင်းတိုက်ချက်ဖြင့် အီရန်တို့ ချေပဂိုးရရှိခဲ့ပါတယ်။