The network connection is lost.

Banner Image

ကူကူရယ်လာကို ခေါ်ယူပြီးနောက် ကြယ်ပွင့်ကစားသမားနှစ်ဦးကို အရောင်းစာရင်းတင်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီးအသင်းမှ ကူကူရယ်လာကို ခေါ်ယူနိုင်ပြီးနောက် သူတို့ရဲ့နောက်ခံလူနှစ်ဦးကို အရောင်းစာရင်းသွင်းလိုက်တယ်လို့ သတင်းများအရ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခရီးစဉ် ပြီးဆုံးသွားတာနဲ့တပြိုင်နက် ယူရိုသန်း ၆၀ တန်သဘောတူညီမှုနဲ့အတူ မော်ရင်ဟိုရဲ့အသင်းသစ်ဆီ ပူးပေါင်းသွားပါလိမ့်မယ်။

ကူကူရယ်လာက ကိုနာတေး၊ ဒမ်ဖရီးစ်တို့ရဲ့နောက် အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် တတိယမြောက်ခံစစ်ပို်ငးအားဖြည့်မှု ဖြစ်လာပါတယ်။

Diario AS ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ခံစစ်အတွဲဖြစ်တဲ့ ဖာလန်းမန်ဒီနဲ့ ဖရန်ဂါစီယာ တို့ကို အရောင်းစာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကာလရှည်ဒဏ်ရာပြဿနာရှိနေတဲ့ မန်ဒီကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အခက်အခဲရှိနိုင်ပြီး စိတ်ဝင်စားမယ့်ဝယ်လက်တွေ ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။