The network connection is lost.

Banner Image

ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိခဲ့ပြီးနောက် ဝုဗ်အသင်းဆီ ပြန်လည်ရောက်ရှိတော့မယ့် ရာအူးလ် ဂျီမီနက်ဇ်

ဝါရင့်တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ်ဟာ ကလပ်အသင်းနဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဝုဗ်အသင်းဆီ ပြန်လည်ရောက်ရှိလာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျီမီနက်ဇ်ဟာ လန်ဒန်ကလပ် ဖူလ်ဟမ်အသင်းက စာချုပ်သစ် မကမ်းလှမ်းတော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အလွတ်အေးဂျင့်အဖြစ်နဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

သူဟာ ၂၀၂၃ ခုနှစ်မှာ ဝုဗ်ကနေ ဖူလ်ဟမ်ဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သုံးနှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၁၁၅ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ BBC Sport ရဲ့ ဖော်ပြချက်အရ မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူးဟာ ပရီမီယာလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ဝုဗ်အသင်းဆီ နှစ်နှစ်စာချုပ်နဲ့ ပြန်လည်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

ဂျီမီနက်ဇ်ဟာ ၂၀၁၈ နဲ့ ၂၀၂၃ ကြားကာလမှာ ပရီမီယာလိဂ် ၄၀ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဝုဗ်အသင်းအတွက် အင်္ဂလန်ထိပ်တန်းလိဂ်မှာ ဂိုးအများဆုံးသွင်းပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ အိမ်ရှင်နိုင်ငံတစ်ခုအဖြစ် ကျင်းပမယ့် နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မက္ကဆီကိုအသင်းနဲ့အတူ ပြင်ဆင်နေပြီး ကြာသပတေးနေ့မှာ တောင်အာဖရိကအသင်းနဲ့ စတင်ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။