The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု H အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ

ဗိုလ်စွဲမယ့်အသင်းကိုကြည့်ချင်ရင် အုပ်စု (H) ကို ကြည့်ရပါလိမ့်မယ်။ 

ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအပွင့်ဆုံး စပိန်အသင်းက ကိပ်ဗာဒီ၊ ဆော်ဒီ၊ ဥရုဂွေးတို့နဲ့အတူ အုပ်စု (H) မှာ ကျရောက်နေပါတယ်။

ဆယ်ကျော်သက်ကြယ်ပွင့် လမိုင်းယာမယ်လ်က သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားကို ကစားမှာဖြစ်ပါတယ်။ 

ယာမယ်လ်က အသက် ၁၇ နှစ်ပြည့်ပြီး နောက်တစ်ရက်မှာတင် စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ 

အခုတော့ ယာမယ်လ်နဲ့အတူ ပက်ဒရီ ၊ ဘော်လွန်းဒီအော်ဆုရှင်ဆုရှင် ရိုဒရီတို့က စပိန်အသင်းအတွက် ဒုတိယမြောက် ကမ္ဘာ့ဖလားကို ရယူပေးဖို့ကြိုးစားကြပါလိမ့်မယ်။

ကိပ်ဗာဒီကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားကို ကစားမှာဖြစ်သလို ဆော်ဒီကလည်း ၂၀၂၂ ခုနှစ်မှာ အာဂျင်တီးနားကို အနိုင်ယူခဲ့တဲ့ ပုံစံကောင်းနဲ့အတူ ပါဝင်လာပါတယ်။ 

ဥရုဂွေးကတော့ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား လူးဝစ်ဆွာရက်ဇ် အနားယူသွားပြီးနောက် ဗယ်ဗာဒီနဲ့အတူ သမိုင်းသစ် ရေးထိုးဖို့ ပြင်ဆင်နေပါတယ်။


အုပ်စု (H) က အသင်းများ

စပိန်

စပိန်က ၂၀၁၀ မှာ ချန်ပီယံဖြစ်ပြီး ၁၆ နှစ်အကြာ အခုတစ်ခေါက်မှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ 

၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ၁၆ သင်းအဆင့်မှာတင် ထွက်ခဲ့ရတာကြောင့် စပိန်အတွက် သက်သေပြစရာတွေ ရှိနေပါတယ်။ 

တစ်ကမ္ဘာလုံးက ယာမယ်လ်ရဲ့ကမ္ဘာ့ဖလားပွဲဦးထွက်ခြေစွမ်းကို စောင့်ကြည့်နေကြပါတယ်။ 

အသက် ၁၈ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်က ပေါင်ခြံဒဏ်ရာကနေ ပြန်သက်သာလာနေပြီး အဖွင့်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ရပါတယ်။ 

စပိန်မှာ ယာမယ်လ်ရဲ့အသင်းဖော် ပက်ဒရီက ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့ဖလားဆင်နွှဲမှာဖြစ်သလို ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီကလည်း ကွင်းလယ်ကို ထိန်းချုပ်ပေးမှာဖြစ်ပါတယ်။

အဓိကကစားသမားများ - လာမင်းယာမယ်လ်၊ ပက်ဒရီ၊ ရိုဒရီ

ကိပ်ဗာဒီ

ဒီပြိုင်ပွဲက ကိပ်ဗာဒီရဲ့ပထမဆုံး ကမ္ဘာ့ဖလားဖြစ်ပါတယ်။ အာဖရိကကိုယ်စားပြု ကိပ်ဗာဒီကို နည်းပြ ပတ်ဒရိုလိုက်တောင်ဘရီတိုက ဦးဆောင်နေပါတယ်။ 

သူက စပိန်နဲ့ ပေါ်တူဂီကလပ်တွေမှာ ကစားခဲ့ဖူးပြီး ကိပ်ဗာဒီအသင်းကို နာမည်ကြီးလာအောင် လုပ်ပေးခဲ့သူဖြစ်ပါတယ်။ 

ကိပ်ဗာဒီက ၁၉၇၅ ခုနှစ်ရောက်မှ လွတ်လပ်ရေးရခဲ့ပြီး နောက် ၃ နှစ်အကြာမှာမှ လက်ရွေးစင်အသင်း ဖွဲ့ခဲ့တဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ 

ခြေစစ်ပွဲမှာတော့ ကိပ်ဗာဒီက အိမ်ကွင်းတစ်ပွဲမှမရှုံးဘဲ ခြေစစ်ပွဲအောင်လာခဲ့တာ ဖြစ်ပါတယ်။ 

ရိုင်ယန်မန်းဒက်စ် ကတော့ ၂၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။

အဓိကကစားသမားများ - ရိုင်ယန်မန်းဒက်စ်၊ ဒိုင်လွန် လီဗရာမန်တို၊ ဗိုဇင်ညာ

ဆော်ဒီ

၂၀၂၆ ကမ္ဘာ့ဖလားက ဆော်ဒီအတွက် အစပြုခဲ့တဲ့နေရာကို ပြန်ရောက်လာသလိုပါပဲ။ ဘာလို့လဲဆိုတော့ ဆော်ဗီက ၁၉၉၄ ပထမဆုံးကမ္ဘာ့ဖလားကို အမေရိကန်မှာပဲ ကစားခဲ့ဖူးလို့ဖြစ်ပါတယ်။

အခုတော့ အဲဒီတုန်းကလိုပဲ အုပ်စုတက်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ 

ဆော်ဒီက ကမ္ဘာ့ဖလားပုံမှန်ကစားရတဲ့အသင်းဖြစ်ပြီး ၂၀၁၀ တုန်းကပဲ လွဲချော်ခဲ့ဖူးတာဖြစ်ပါတယ်။ 

၂၀၂၂ ကမ္ဘာ့ဖလားတုန်းက မက်ဆီရဲ့အာဂျင်တီးနားကို အုပ်စုအဆင့်မှာ အနိုင်ယူပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ဖူးပါတယ်။

အဓိကကစားသမားများ - ဆာလမ်အယ်လ်ဒေါ့ဆရီ၊ ဆော့ဒ်အဗ္ဗဒယ်လ်ဟာမစ်၊ အလီမာဂျာရာရှီ၊ ဇီယတ်အယ်လ်ဂျိုဟာနီ၊ ဖီရပ်စ်အယ်လ်ဘူရီကန်

ဥရုဂွေး

ဥရုဂွေးအတွက် ခေတ်သစ်တစ်ခု စတင်နေပါပြီ။ ကာဗာနီနဲ့ ဆွာရက်ဇ်တို့ အနားယူသွားပြီးနောက် ဗယ်ဗာဒီက အသင်းကို ဦးဆောင်ရတော့မှာဖြစ်ပါတယ်။ 

ဗယ်ဗာဒီက ဒီနှစ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို ဂိုးဖန်တီးမှု ၈ ကြိမ်အထိ လုပ်ပေးခဲ့သူဖြစ်ပါတယ်။ 

ဥရုဂွေးကိုတော့ နာမည်ကြီးနည်းပြ မာဆယ်လိုဘီယဲလ်ဆာက ကိုင်တွယ်နေပြီး ဒီပြိုင်ပွဲက သူ့အတွက် မတူညီတဲ့ နိုင်ငံသုံးခုနဲ့အတူ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ဖြစ်ပါတယ်။ 

၁၉၃၀ နဲ့ ၁၉၅၀ ကမ္ဘာ့ဖလားချန်ပီယံ ဥရုဂွေးရဲ့ ဂုဏ်သိက္ခာကို ဘီယဲလ်ဆာက ဆက်ထိန်းသွားဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

ဥရုဂွေးက ၂၀၂၂ ကမ္ဘာ့ဖလားမှာ အုပ်စုက ထွက်ခဲ့ရပေမဲ့ ၂၀၁၀ ကတည်းက ပြိုင်ပွဲတိုင်းမှာ ပါဝင်နေတဲ့အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။

အဓိကကစားသမားများ - ဖက်ဒရီကိုဗယ်ဗာဒီ၊ ရိုဒရီဂိုဘန်တန်ကာ၊ ဟိုဆေးမာရီယာ ဂျီမီနက်ဇ်၊ ဖာနန်ဒိုမူစလီရာ

ခန့်မှန်းချက်

၁.စပိန်
၂.ဥရုဂွေး
၃.ဆော်ဒီ
၄.ကိပ်ဗာဒီ