The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှသာ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်သွားမယ့် ဘာနာဒိုဆေးလ်ဗား

မန်စီးတီးအသင်းမှ ထွက်ခွာတော့မယ့် ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားက ကလပ်အသင်းသစ်ကို မကြေညာခင် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးချိန်အထိ စောင့်ဆိုင်းသွားဖို့ ရှိနေပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားက အခုလကုန်၊ စာချုပ်သက်တမ်းပြည့်မြောက်ပြီးနောက် မန်စီးတီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ရှိနေပြီး ဒါက သူ့ရဲ့ မန်ချက်စတာမြေကိုးနှစ်ကြာဖြတ်သန်းမှုကို အဆုံးသတ်ခြင်းလည်း ဖြစ်ပါတယ်။

ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် အီတာလျံနဲ့ စပိန်ကလပ်အသင်းများစွာ စိတ်ဝင်စားနေကြပြီး ဘာနာဒိုဆေးလ်ဗားအတွက် ရွေးချယ်နိုင်စရာလမ်းကြောင်းတွေ အများအပြားရှိနေပါတယ်။

ဘာနာဒိုဆေးလ်ဗားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးသေးခင် သူ့ရဲ့ကလပ်အသင်းသစ်ကို မဆုံးဖြတ်သေးဘူးလို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူဟော့ဟေးမန်းဒက်စ်ရဲ့အတည်ပြုချက်အရ သိရှိရကြောင်း အပြောင်းအရွှေ့ဂုရုကြီးဖာဘရီဇီယိုရိုမာနိုက ဖော်ပြပါတယ်။

ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အနာဂတ်အတွက် ဆုံးဖြတ်ချက်ချချင်နေတဲ့ ဘာနာဒိုဆေးလ်ဗားရဲ့ကနဦးအစီအမံကို အကြီးအကျယ်ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။