မိုနာကိုနဲ့ကစားမယ့် ရာသီကြိုခြေစမ်းပွဲကို လီဗာပူးအတည်ပြု
လီဗာပူးအသင်းက ဩဂုတ် ၉ ရက်၊ တနင်္ဂနွေနေ့မှာ မိုနာကိုအသင်းကို အန်ဖီးလ်ကွင်းတွင်း ဧည့်ခံကစားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်တစ်ခု ရှိလာလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီပွဲစဉ်က ပြင်သစ်ထိပ်တန်းလိဂ်ပြိုင်ပွဲမစတင်မီ လီဂူးဝမ်းကလပ်အသင်းရဲ့ ရာသီကြိုနောက်ဆုံးပြင်ဆင်မှုတွေအနက် တစ်ခုဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
ဒါက ၂၀၀၄-၂၀၀၅ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ပိုင်း ကလပ်အသင်းနှစ်ခုအကြား ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ခြင်း ဖြစ်ပါတယ်။ အဲ့ဒီရာသီမှာ လီဗာပူးအသင်းက အေစီမီလန်ကို သမိုင်းဝင် Cameback ဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။
လက်တလော လီဗာပူးမှာ အန်းစလော့နဲ့ မိုနာကိုမှာ ပိုကိုဂနိုလီတို့ ထွက်ခွာသွားကြပြီး နည်းပြအပြောင်းအလဲကာလကို ဖြတ်သန်းနေကြပါတယ်။
အန်ဖီးလ်ကလပ်အသင်းကြီးကတော့ အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရှိနေပြီး မိုနာကိုအသင်းကလည်း ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ဖိလစ်ပီလူးဝစ်ကို ခေါ်ယူသွားမယ်လို့ မျှော်လင့်ရပါတယ်။