The network connection is lost.

Banner Image

လိုင်လီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဂျီရော့ဒ်

အခုနွေရာသီမှာ လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးဖို့ရှိနေပေမဲ့ ဂျီရော့ဒ်က လိုင်လီအသင်းနဲ့အတူ ဆက်ရှိနေဖို့အတွက် စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ ပြင်ဆင်နေပါတယ်။

L’Equipe သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၃၉ နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးက ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရရှိဖို့ ပြင်ဆင်နေတဲ့ လိုင်လီအသင်းမှာဆက်ရှိနေဖို့ စာချုပ်သက်တမ်းတစ်နှစ်တိုးမြှင့်သွားနိုင်တယ်လို့ သိရပါတယ်။

ဂျီရော့ဒ်က ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ကစားခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ၄ ဂိုး အပါအဝင် စုစုပေါင်း ၁၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

လီဂူးဝမ်းပြိုင်ပွဲမှာလည်း သူက လိုင်လီအသင်းရဲ့ပွဲစဉ်ထက်ဝက်ခန့်ကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့နောက်ဆုံးသွင်းဂိုးကိုတော့ ဧပြီ ၁၂ ရက်၊ တူးလော့စ်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာ သွင်းယူခဲ့ပါတယ်။

လီဂူးဝမ်းဘောလုံးရာသီအပြီးမှာ ဂျီရော့ဒ်က သူ့ရဲ့ကစားသမားဘဝကို အသက် ၄၀ နှစ်ကျော်လွန်ချိန်အထိ ဆက်လက်ဖြတ်သန်းသွားဖို့ ရည်မှန်းထားတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး လိုင်လီအသင်းဥက္ကဋ္ဌအိုလီဗီယာလက်တန်းကလည်း ဂျီရော့ဒ်ရဲ့အောင်မြင်မှုဆာလောင်စိတ်လက်ကျန်အပေါ် ချီးကျူးခဲ့ပါတယ်။

လိုင်လီအသင်းဟာ အသင်းရဲ့ တည်ငြိမ်မှုကို ရေရှည်ထိန်းသိမ်းထားဖို့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သောမတ်စ် မူနီယာ၊ နာဘီ ဘန်တာလက်ဘ်နဲ့ အိုင်ဆာ မန်ဒီတို့နဲ့လည်း စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။