The network connection is lost.

Banner Image

ဆွီဒင်ကစားသမားတွေကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလားအိပ်မက်ပျက်စီးသွားမယ့်အရေးကို စိုးရိမ်နေခဲ့တဲ့ နော်ဝေကြယ်ပွင့်နူဆာ

လိုက်ပ်ဇစ်အသင်းရဲ့ နော်ဝေလက်ရွေးစင်တောင်ပံကစားသမားနူဆာက တနင်္လာနေ့၊ အော်စလိုမြို့ခြေစမ်းပွဲစဉ်မှာ ဆွီဒင်ခံစစ်မှူးတွေကို အကြီးအကျယ်ဒုက္ခပေးပြီး ၃-၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ နူဆာရဲ့အခုလိုပုံစံကောင်းပြသမှုကို ဆွီဒင်ကစားသမားတွေ တုံ့ပြန်ကစားရင်း တောင်ပံကစားသမားရဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ထိခိုက်သွားစေမလားဆိုပြီး နော်ဝေအသင်းဘက်ကလည်း စိုးရိမ်ပူပန်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ နူဆာက ဆွီဒင်ခံစစ်မှူးတွေ ကမောက်ကမဖြစ်သွားအောင် ကစားနိုင်ခဲ့ပြီး သွင်းဂိုးပါရရှိခဲ့လို့ ထူးထူးခြားခြားခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး နူဆာက စိတ်ပျက်နေတဲ့ပြိုင်ဘက်ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားမလားဆိုပြီး တကယ်ပဲ စိုးရိမ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် နည်းနည်းတော့ ကြောက်သွားခဲ့တယ်။ အသင်းလူကြီးပိုင်းကလည်း ကျွန်တော့်ကို နည်းနည်း သတိထားဖို့ ပြောတယ်။ နောက်ပွဲကျရင် ပိုပြီး သတိထားရပါလိမ့်မယ်" လို့ နူဆာက ပြောကြားခဲ့ပါတယ်။

နော်ဝေအသင်းနည်းပြဆိုဘာကန်က "ပွဲကစားချိန် တော်တော်များများမှာ နှစ်သင်းကြား သိသိသာသာ ကွာခြားမှု ရှိခဲ့တယ်" လို့ ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ဆိုးလ်ဘာကန်က " ပွဲစဉ်အတွင်း အိမ်ရှင်တွေရဲ့ကစားပုံ အနည်းငယ်ပေါ့လျော့ခဲ့ပြီး ထိရောက်မှု သိပ်မရှိခဲ့ဘူးလို့ ခံစားရပေမဲ့ ဒါကို ကျွန်တော် အပြစ်မတင်တော့ပါဘူး" လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒီနှစ်သင်းလုံးက ကမ္ဘာ့ဖလားပွဲဦးထွက်မတိုင်ခင် ခြေစမ်းပွဲတစ်ပွဲစီ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ဆွီဒင်အသင်းက ကြာသပတေးနေ့မှာ ဂရိအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး နော်ဝေအသင်းကတော့ အုပ်စု (I) မှာ အီရတ်၊ ဆီနီဂေါ၊ ပြင်သစ်တို့နဲ့ မရင်ဆိုင်မီ တနင်္ဂနွေနေ့မှာ မော်ရိုကိုအသင်းနဲ့ ခြေစမ်းပါလိမ့်မယ်။