ကစားသမားနှစ်ဦးကြား ဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ ယူနိုက်တက်ကြယ်ပွင့် ဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ ထိပ်ဆုံးကနေဦးဆောင်
၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ တွဲဖက်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ဟာ ကစားသမားနှစ်ဦးကြား အပြန်အလှန် ဂိုးဖန်တီးပေးမှုအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းရဲ့ ဒီရာသီအခြေအနေဟာ ရူဘင်အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် မိုက်ကယ်ကာရစ်ကို အစားထိုးခန့်အပ်ခဲ့တာကြောင့် ဆိုးရွားလှတဲ့အခြေအနေကနေ သိပ်မဆိုးတော့တဲ့ အနေအထားတစ်ခုကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ မယုံနိုင်စရာကောင်းလောက်အောင် ခြေစွမ်းပြခဲ့ပြီး ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် သီယာရီဟင်နရီနဲ့ ကယ်ဗင်ဒီဘရိုင်းတို့ရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ပရီမီယာလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံးစံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။
ကတ်စ်မဲရိုးကလည်း တကယ်ကို အစွမ်းပြနိုင်ခဲ့ပြီး သူကစားခဲ့တဲ့ ၃၅ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဒါဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း သူတို့နှစ်ဦးဟာ ကစားသမားနှစ်ဦးကြား အပြန်အလှန် ဂိုးဖန်တီးပေးမှုအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်လာခဲ့တာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ထူးခြားတာကတော့ အဆိုပါ ဂိုးဖန်တီးမှု ၆ ကြိမ်စလုံးဟာ ဖာနန်ဒက်စ်ကနေ ကတ်စ်မဲရိုးဆီကိုပဲ တစ်ဖက်သတ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။