The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲကို စွန့်ခွာမယ့် ဇာဟာ

ဇာဟာက ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အမေရိကန်မေဂျာလိဂ်ရပ်နားထားချိန်ကာလအတွင်း ရှားလော့အက်ဖ်စီမှ မိခင်ကလပ် ဂါလာတာစာရေးဆီ ပြန်သွားတော့မယ်လို့ တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီတိုက်စစ်မှူးရဲ့ တစ်နှစ်ကြာအငှားစာချုပ်သက်တမ်းက ဇွန် ၃၀ ရက်အထိ တိုးမြှင့်ထားခဲ့ပေမဲ့ ရှားလော့အက်ဖ်စီရဲ့ပွဲစဉ်ကို ဇူလိုင်လလယ်လောက်အထိ မကစားနိုင်သေးလို့ အိုင်ဗရီကို့စ်ကစားသမားက စာချုပ်သက်တမ်းမကုန်ဆုံးခင် အစောတလျင် ထွက်ခွာသွားခဲ့ပါတယ်။

သူ့ရဲ့အခုလိုထွက်ခွာမှုက အိုင်ဗရီကို့စ်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ မပါဝင်နိုင်ခဲ့ချိန်နောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

"နှုတ်ဆက်ရမယ့်အချိန် ရောက်လာပါပြီ၊ ဒါပေမဲ့ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး ဘောလုံးကစားရတာကို ပြန်ပြီးမြတ်နိုးလာအောင် လုပ်ပေးခဲ့တဲ့ ရှာလော့မြို့ကို ကျေးဇူးတင်ပါတယ်။ အနိမ့်အမြင့်အတက်အကျတွေ အများကြီးရှိခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ဒါက ခရီးစဉ်တစ်ခုပါပဲ၊ ကျွန်တော်ရဲ့ကုန်ဆုံးခဲ့တဲ့ မိနစ်တိုင်းကို မြတ်နိုးမိခဲ့ပါတယ်" လို့ ဇာဟာက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမားဟောင်းက အမေရိကန်မေဂျာလိဂ်မှာ ၄၆ ပွဲကစား၊ ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလု်ပခဲ့ပါတယ်။