အလားအလာရှိတဲ့ လူငယ်ကစားသမားလေး ဆာအစ် အယ်မာလာ ကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ ဘရိုက်တန်ထက် ချဲလ်ဆီးက ဦးဆောင်နေ
ဂျာမနီကြယ်ပွင့်လူငယ်လေး ဆာအစ် အယ်မာလာ ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့နေရာမှာ ချဲလ်ဆီးအသင်းဟာ ပြိုင်ဘက် ဘရိုက်တန်အသင်းထက် လက်ဦးမှုရယူပြီး ဦးဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၁၉ နှစ်အရွယ် အယ်မာလာဟာ ဒီရာသီမှာ ကိုလုံးအသင်းအတွက် ခြေစွမ်းပြနေပြီး ၃၄ ပွဲ ကစားပေးထားရာမှာ ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။
Sport BILD ရဲ့ ဖော်ပြချက်အရ ဘယ်တောင်ပံကစားသမားလေးကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးဟာ အခုအခါ ဘရိုက်တန်ကို ကျော်ဖြတ်ပြီး အသာစီးရနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီလူငယ်ကစားသမားလေးရဲ့ အနာဂတ်ဟာ သူ့ရဲ့မိခင်ဖြစ်သူ ဆာဘရီနာ အယ်မာလာ ရဲ့ လက်ထဲမှာပဲ ရှိနေပြီး သူမက သားဖြစ်သူအတွက် ကလပ်အသင်းသစ် ရှာဖွေပေးဖို့ လုပ်ဆောင်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘရိုက်တန်အသင်းကတော့ အယ်မာလာကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။