The network connection is lost.

Banner Image

ပွဲထွက်ကစားခွင့်ပိုမိုရရှိဖို့အတွက် ပီအက်စ်ဂျီမှထွက်ခွာဖို့ ကြိုးပမ်းနေတဲ့ ဂွန်ကာလိုရာမို့စ်

ပီအက်စ်ဂျီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်က ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရရှိဖို့အတွက် ဒီနွေရာသီမှာ အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၄ နှစ်အရွယ်တိုက်စစ်ကစားသမားက တောင့်တင်းလွန်းတဲ့ ပီအက်စ်ဂျီအသင်းလူစာရင်းပိုင်းကြောင့် အခုဘောလုံးရာသီ၊ ကာလအများစုကို အရန်ကစားသမားအဖြစ်နဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။ သူက လီဂူးဝမ်းပွဲစဉ် ၂၇ ပွဲပါဝင်ကစားခဲ့ပေမဲ့ ၁၂ ပွဲသာ ပွဲထွက်ကစားသမားဖြစ်ခဲ့ပြီး ခြောက်ဂိုး သွင်းယူခဲ့ပါတယ်။

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ရာမို့စ်က ပွဲထွက်ကစားခွင့် ပိုမိုရရှိနိုင်မယ့်နေရာကို ရှာဖွေဖို့အတွက် ပြင်သစ်ကလပ်အသင်းကြီးမှထွက်ခွာဖို့ လမ်းဖွင့်ထားပြီလို့ သိရပါတယ်။

လောလောဆယ်မှာတော့ ရာမို့စ်က လက်ကျန်ပွဲစဉ်တွေကို ပီအက်စ်ဂျီအသင်းနဲ့အတူ ဖြတ်သန်းပြီး လီဂူးဝမ်းအမှတ်ပေးချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ဖို့ အပြည့်အ၀အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိုမာနိုက ထိပ်တန်းအသင်းကြီးအတော်များများလည်း ရာမို့စ်ရဲ့အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ပြောကြားထားပေမဲ့ ဘယ်ကလပ်အသင်းတွေဆိုတာ အတိအကျသိရဖို့တော့ လတ်တလောမဖြစ်နိုင်သေးပါဘူး။