The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အီးလီးယတ် အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ရပ်တန့်တော့မယ့် ယူနိုက်တက်

နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အီးလီးယတ် အန်ဒါဆန်ကို ခေါ်ယူဖို့အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး အတောင်းခံရပြီးနောက် မန်ယူနိုက်တက်အသင်းဟာ သူ့ကို ခေါ်ယူမယ့် အစီအစဉ်ကနေ နုတ်ထွက်ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းများအရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အန်ဒါဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အလားအလာအကောင်းဆုံး ခြေစွမ်းပြနေသူတစ်ဦးဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေလည်း အကြီးအကျယ် ထွက်ပေါ်နေသူပါ။

ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ် အစရှိတဲ့ အသင်းကြီးတွေအားလုံးက သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပေမဲ့ ဖောရက်စ်အသင်းဘက်ကတော့ သူ့ကို ဈေးပေါပေါနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။

ESPN ရဲ့ ဖော်ပြချက်အရ အန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀ သန်းအထိ အတောင်းခံခဲ့ရပြီးနောက် ယူနိုက်တက်က သူ့ကို ခေါ်ယူမယ့် အပြိုင်အဆိုင်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ရဲ့ သတ်မှတ်ဈေးနှုန်းဟာ လက်ရှိပေါက်ဈေးထက် အရမ်းများလွန်းနေတယ်လို့ ယူနိုက်တက်ဘက်က ယူဆနေပြီး အသင်းအနေနဲ့ ထိပ်တန်းကွင်းလယ်လူသစ် တစ်ဦးအတွက် ပေါင် ၈၀ သန်းကနေ ၉၀ သန်းဝန်းကျင်လောက်ပဲ အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။