The network connection is lost.

Banner Image

လီဗာပူးတိုက်စစ်ကို ဦးဆောင်ဖို့ အီဆက်ခ်မှာ အရည်အချင်းပြည့်မီရဲ့လားဆိုတာ သံသယဝင်နေတဲ့ ကာရေဂါ

လီဗာပူးဂန္ထဝင်ကာရေဂါကတော့ အီဆက်ခ်ကိုယ်တိုင် သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရနိုင်ဖို့ မသေချာဘူးလို့ သုံးသပ်လိုက်ပါတယ်။

အီဆက်ခ်က ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ယူခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအတွက် သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ ကာရေဂါက Liverpool Echo ကို အခုလို ပြောပြခဲ့ပါတယ်။ "ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ အနာဂတ်မှာတော့ အဆင်ပြေသွားနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကစားသမားသစ်တွေကို ဗွေဆော်ဦးဘောလုံးရာသီမှာတင် ဆုံးဖြတ်လို့မရဘူးလို့ ကျွန်တော် ယူဆထားပါတယ်။ ဒါပေမဲ့ ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ်။ လီဗာပူးကစားသမားတစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင် အသင်းဆီရောက်လာတဲ့ကစားသမားတွေထဲမှာ ပထမရာသီ၊ ဘာမှမလုပ်ပြနိုင်ဘဲ နောက်မှခြေစွမ်းထပြနိုင်တဲ့သူမျိုးကို ကျွန်တော် မမှတ်မိဘူး။ အီဆက်က အခုထိ အရှိန်မရသေးဘူး။ ဒဏ်ရာရခဲ့တာလည်း ပါတာပေါ့၊ ဒါပေမဲ့ သူစကစားကတည်းက သိပ်ပြီးတော့ အခြေအနေမကောင်းခဲ့ပါဘူး။"

ဆက်လက်ပြီး ကာရေဂါက "လီဗာပူးအနေနဲ့ နောက်ရာသီမှာ ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုရင်တော့ မိုဆာလက်ရဲ့နေရာမှာအစားထိုးဖို့ လိုအပ်တယ်ဆိုတာ အသိသာကြီးပါပဲ။ ကျွန်တော့်အမြင်အရဆိုရင်တော့ လူစာရင်းဆီ တိုက်ရိုက်ဝင်ကစားနိုင်မယ့် ကစားသမားသုံးဦးလောက် လိုအပ်ပါတယ်။ အသင်းလူစာရင်းအတွက် ကစားသမားငါးဦးလောက်အထိတော့ ဝယ်လို့မရဘူးလေ။ လီဗာပူးက ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားတွေ အများကြီးဝယ်ထားပြီးသားဆိုတော့ ဒီနွေရာသီမှာ အများကြီးထပ်ဝယ်တော့မှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။