The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်အရန်အသင်းကစားသမားတွေကို စောင့်ကြည့်နေတယ်လို့ ကိုမိုနည်းပြဖာဘရီဂတ်စ် အတည်ပြု

ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်က ရီးရဲလ်မက်ဒရစ်ရဲ့အရန်အသင်းဖြစ်တဲ့ ကာ့စတီလာအသင်းရဲ့ ကစားသမားတွေကို ပုံမှန်စောင့်ကြည့်လေ့လာနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်းမှာ ကိုမိုအသင်းက ရီးရဲလ်မက်ဒရစ်အရန်အသင်းမှ နီကိုပတ်ဇ်နဲ့ ဂျာကိုဘိုရာမွန်တို့ကို ခေါ်ယူနိုင်ခဲ့တာပါ။

ဖာဘရီဂတ်စ်က "ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ကာ့စတီလာ ကစားသမားတွေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ အမြဲတမ်းရှာဖွေလှုပ်ရှားနေရမှာဖြစ်သလို အဲဒီလိုလုပ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတလေမှာ Big Data လိုမျိုး အချက်အလက်တွေထက် ကစားသမားတစ်ဦးကို လူကိုယ်တိုင် တိုက်ရိုက်ကြည့်ရတာမျိုးက ပိုအရေးကြီးပါတယ်။ ကစားသမားတစ်ဦးရဲ့ စိတ်ခံစားမှု၊ ဘောလုံးထိန်းချုပ်ပုံ၊ လှုပ်ရှားမှုတွေနဲ့ ကွင်းထဲမှာ စကားပြောဆို ဆက်သွယ်မှု ရှိ၊ မရှိ ဆိုတာတွေကို အပြင်မှာ တိုက်ရိုက်မြင်တွေ့ရဖို့ဆိုတာ အရမ်းကို အရေးကြီးတဲ့ အချက်တွေပါ" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကိုမိုနည်းပြက "အသင်းရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ နီကိုပတ်ဇ်နဲ့ ဂျာကိုဘိုရာမွန်တို့ကို ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေကိုလည်း ကျွန်တော်တို့ သိထားပြီးသားဖြစ်လို့ အနာဂတ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ဆက်ပြီး စဉ်းစားနေပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်တစ်ခုတည်းတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကစားသမားတွေကိုပါ စောင့်ကြည့်နေတာပါ" လို့ ပြောကြားခဲ့ပါတယ်။