The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေတဲ့ ရူဒီဂါ

ရီးရဲလ်မက်ဒရစ်နောက်ခံလူရူဒီဂါက အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီအပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ ရီးရဲလ်မက်ဒရစ်မှထွက်ခွာရတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့ အခုအခါမှာတော့ ကလပ်အသင်းဘက်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်တယ်လို့ ယူဆရပါတယ်။

ထူးခြားဆန်းသစ်တဲ့ ကစားဟန်ရှိတဲ့ ဒီနောက်ခံလူက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတစ်လျှောက်လုံး အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့လို့ မက်ဒရစ်အသင်းတာဝန်ရှိသူတွေရဲ့ယုံကြည်မှုကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်းထောက် Matteo Moretto ရဲ့ဖော်ပြချက်အရ ရူဒီဂါက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးဖို့ သဘောတူညီခဲ့ပြီး ဒီကိစ္စကို မကြာခင်မှာ တရားဝင်ထုတ်ပြန်ကြေညာလိမ့်မယ်လို့ သိရှိရပါတယ်။