အယ်လ်အီတီဖတ်အသင်းမှ ထွက်ခွာတော့မယ့် ဝိုင်နယ်ဒန်းနဲ့ ဂျက်ဟန်ဒရေ
ဂျော်ဂျီနီယိုဝိုင်နယ်ဒန်းက အယ်လ်အီတီဖတ်အသင်းမှ ထွက်ခွာသွားပါတော့မယ်။
လီဗာပူး၊ နယူးကာဆယ်ကစားသမားဟောင်းဖြစ်သူ ဒီနယ်သာလန်ကွင်းလယ်လူက စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာနေလို့ အခုဆော်ဒီပရိုလိဂ်ရာသီအကုန်မှာ အယ်လ်အီတီဖတ်အသင်းမှ ထွက်ခွာရပါလိမ့်မယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူဘန်ဂျေးကော့ဘ်ရဲ့အဆိုအရ ဝိုင်နယ်ဒန်းနဲ့အတူ ဆဲလ်တစ်ကစားသမားဟောင်း ဂျက်ဟန်ဒရေလည်း အသင်းမှထွက်ခွာဖို့ရှိနေပြီး သူ့ရဲ့စာချုပ်လည်း အခုနွေရာသီမှာ သက်တမ်းကုန်ဆုံးမယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးစလုံးကတော့ လာမယ့်ရာသီမှာ ဥရောပဆီပြန်လာဖို့ ရည်ရွယ်ထားကြပါတယ်။
ဝိုင်နယ်ဒန်းက အခုရာသီ၊ ဆော်ဒီပရိုလိဂ် ၂၈ ပွဲမှာ ၁၄ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။