The network connection is lost.

Banner Image

ရိုမီရိုရဲ့ဒဏ်ရာအခြေအနေ ဆိုးရွားသွားမယ့်ကိစ္စကို စိုးရိမ်မိတယ်လို့ တော့တင်ဟမ်နည်းပြဒီဇာဘီ ဝန်ခံ

တော့တင်ဟမ်နည်းပြဒီဇာဘီက ဆန်းဒါးလန်ကို ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားတဲ့ ရိုမဲရိုးအတွက် စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ရိုမီရိုက အသင်းဖော်ဂိုးသမားကင်စကီးနဲ့ မတော်တဆထိခိုက်မိပြီးနောက် ဒဏ်ရာပြဿနာနဲ့အတူ မျက်ရည်တွေဖြင့် ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး ဒီဇာဘီက "ဒူးဒဏ်ရာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ် ထပ်မသိရသေးခင်မှာတော့ ကျွန်တော် ဘာမှ အသေအချာ မပြောချင်သေးပါဘူး။ ဒဏ်ရာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာ အခုထိတော့ မသိရသေးပါဘူး။ သူက ကျွန်တော်တို့အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လို့ ဒဏ်ရသိပ်မပြင်းထန်ဖို့ပဲ မျှော်လင့်ပါတယ်။ သူက လူကောင်းတစ်ဦးဖြစ်သလို ထိပ်တန်းကစားသမား၊ စိတ်ဓာတ်ခိုင်မာသူလည်း ဖြစ်ပါတယ်။ ရာသီကို ကောင်းကောင်းအဆုံးသတ်နိုင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် သူ့ကို လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။