ဟတ်စ်လူငယ်ကြယ်ပွင့်ဖရေဇာကို ခေါ်ယူနိုင်ရေးပြိုင်ဆိုင်မှုမှာ ဆောက်သမ်တန်ထက် အသာစီးရရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်
ဟတ်စ်အသင်းရဲ့ကွင်းလယ်ပါရမီရှင်လူငယ်ကစားသမား ဘွိုက်ဖရေဇာကို အင်္ဂလန်ကလပ်အသင်းတွေ စိတ်ဝင်စားနေကြပါတယ်။
အသက် ၁၆ နှစ်အရွယ်ကစားသမားကို နော်တင်ဟမ်ဖောရက်စ်အသင်းကင်းထောက်တွေ စောင့်ကြည့်နေကြပြီး အသင်းဆီခေါ်ယူနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။
အပြောင်းအရွှေ့သတင်းကျွမ်းကျင်သူရိုမာနိုရဲ့အဆိုအရ ဖောရက်စ်က လာမယ့်နွေရာသီမတိုင်ခင် ဖရေဇာအတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
သို့သော် ဖောရက်စ်အတွက် အခြားပြိုင်ဘက်တွေလည်း ရှိနေသေးပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်တက်ရောက်ထားနိုင်တဲ့ ဆောက်သမ်တန်အသင်းကလည်း ဒီလူငယ်ကစားသမားလေးကိုခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပါတယ်။
ဖရေဇာက စကော့တလန် ယူ-၁၆ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လကမှ ဟတ်စ်(Jambos)ရဲ့ ဘီအသင်းမှာ စတင်ပါဝင်ကစားခွင့် ရရှိထားပါတယ်။