The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ပွဲဦးထွက်မှာ ခံစားချက်တွေ ရောထွေးနေတယ်လို့ ဝန်ခံလိုက်တဲ့ ဂိုးသမားဟဲရစ်ခ်

ဖင်လေဟဲရစ်ခ်က လိဒ်စ်ယူနိုက်တက်နဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းအတွက် စီနီယာအဆင့် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ သူတို့အသင်း ရှုံးနိမ့်ခဲ့လို့ သူ့အတွက် ဝမ်းသာမှုနဲ့ ဝမ်းနည်းမှုတွေ ရောပြွမ်းနေတယ်လို့ ဆိုပါတယ်။

အင်္ဂလန် ယူ-၂၀ ဂိုးသမားလေးက အချိန်ပိုပြီးဆုံးခါနီး တစ်မိနစ်အလို၊ အာရီယိုလာဒဏ်ရာရရှိသွားလို့ စီနီယာဂိုးသမားနေရာမှာ အစားထိုးဝင်ရောက်ပြီး ပွဲဦးထွက်ကစားခွင့် ရရှိခဲ့ပါတယ်။အချိန်ပိုအထိ တစ်ဖက်နှစ်ဂိုးစီသရေကျနေလို့ ဟဲရစ်ခ်ကိုယ်တိုင်လည်း ပယ်နယ်တီအဆုံးအဖြတ်ခံယူမှုမှာ ပါဝင်ခဲ့ရပါတယ်။

ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျနေတာကြောင့် ဟဲရစ်ခ်အနေနဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ပါဝင်ခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် ဂျိုရယ်လ်ပီရိုးရဲ့ပထမဆုံးကန်သွင်းချက်ကို ဟဲရစ်ခ်ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းက ပယ်နယ်တီ ၄-၂ ဂိုးဖြင့် လိဒ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်အပြီး whufc.com နဲ့တွေ့ဆုံချိန် ဟဲရစ်ခ်က "ခြုံပြောရရင်တော့ ခံစားချက်တွေ ရောပြွမ်းနေပါတယ်။ ကျွန်တော် ဒီကလပ်မှာ ရှိနေတာ နှစ်တော်တော်ကြာပြီဖြစ်လို့ ပွဲဦးထွက်ကစားခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ အသင်းအတွက် ဒီထက်ပိုပြီး ကူညီပေးနိုင်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ ဘာလို့လဲဆိုတော့ ဝင်ဘလေကွင်းမှာ ဆီမီးဖိုင်နယ်ကစားရဖို့ဆိုတာ ဒီကလပ်အသင်းကစားသမားအများစုအတွက် အိပ်မက်တစ်ခုလိုပဲလေ"

"ကျွန်တော့်ကိုယ်ကျွန်တော် ပြင်းပြင်းထန်ထန်ဝေဖန်ရမယ်ဆိုရင်တော့ လိဒ်အသင်းကန်သွားတဲ့ ပင်နယ်တီတွေအနက် တစ်လုံးကို ဒီထက်ပိုပြီး ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပထမဆုံးတစ်လုံးကို ကာကွယ်နိုင်ခဲ့ချိန်ကတော့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပြီး မယုံနိုင်စရာပါပဲ။"

"ဒါ ကျွန်တော့်အတွက်တော့ အပေါင်းလက္ခဏာဆောင်တဲ့ အချက်ဖြစ်ပေမဲ့ အသင်းအကြောင်းကိုလည်း ထည့်စဉ်းစားနေပါတယ်။ ကျွန်တော်တို့ရှေ့မှာ ခက်ခဲတဲ့ပွဲတွေ အများကြီးရှိနေသလို အခွင့်အရေးကောင်းတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခုမှစလို့ ရှေ့ဆက်ဖို့ပဲ အာရုံစိုက်သွားရပါတော့မယ်။ ရလဒ်ကို လက်ခံရခက်တယ်ဆိုတာ သိပေမဲ့ လာမယ့်သောကြာနေ့မှာ ပွဲရှိသေးလို့ နောက်ထပ်ပွဲစဉ်တွေအတွက်ပဲ အာရုံစိုက်သွားရပါမယ်။ ဘောလုံးလောကရဲ့ သဘောသဘာ၀ကလည်း ဒီလိုပါပဲ"

"ရှေ့မှာရှိနေတဲ့ပွဲစဉ်တွေက အတိတ်ကာလပွဲစဉ်တွေထက် ပိုအရေးကြီးလာပါပြီ။ အခုမှစလို့ ပွဲတိုင်းကို ဗိုလ်လုပွဲတစ်ခုလို သဘောထားပြီး ကစားသွားရပါမယ်။ ကျွန်တော်တို့အတွက် သုံးမှတ်ရဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ သုံးမှတ်ရအောင်ပဲ အစွမ်းကုန်ကြိုးစားသွားရပါမယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။