The network connection is lost.

Banner Image

အရည်အသွေးမြင့်နွမ်နရီအတွက် အသားကျဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားလိုက်တဲ့ မာဆေးလ်နည်းပြဘီယီ

မာဆေးလ်အသင်းနည်းပြဟာဘစ်ဘီယီကတော့ အသင်းမှာ အားကိုးနေရတဲ့ နွမ်နရီအတွက် ဝမ်းသာမိတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒီဇာဘီထွက်ခွာသွားပြီးနောက်ပိုင်း မာဆေးလ်ကို စတင်ကိုင်တွယ်ချိန်မှစလို့ ဘီယီက အာဆင်နယ်မှ အငှားဖြင့်ရောက်ရှိလာတဲ့ နွမ်နရီကို လူစားဝင်ကစားသမားအဖြစ်ပဲ အသုံးပြုခဲ့ပါတယ်။

နွမ်နရီက လွန်ခဲ့တဲ့သီတင်းပတ်၊ လိုင်လီကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒုတိယပိုင်းလူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့သလို ယမန်နေ့ညပိုင်း၊ မိုနာကို,ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ်ပဲ ပါဝင်ကစားခဲ့ပါတယ်။ 

ယမန်နေ့ညပိုင်းပွဲစဉ်မတိုင်ခင် ဘီယီက "နွမ်နရီက တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ ပြင်သစ်လီဂူးဝမ်းရဲ့ကစားပုံအရှိန်အဟုန်နဲ့ အသားကျဖို့တော့ လိုအပ်ပါသေးတယ်"

"လိုင်လီနဲ့ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့ပေမဲ့ သူ့ရဲ့ကစားပုံမှာ အများကြီးပိုကောင်းလာဖို့ လိုအပ်တဲ့အချက်တွေလည်း ရှိနေပါသေးတယ်"

"သူကိုယ်တိုင်လည်း ထိပ်တန်းအသင်းကြီးတစ်ခုဆီ ရောက်ရှိလာတယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ကောင်းတဲ့အချက်ကတော့ သူက အင်္ဂလန် ယူ-၂၁ လက်ရွေးစင်အသင်းအတွက်လည်း ဂိုးသွင်းယူနိုင်ခဲ့တာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။